တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသလို
မကောင်းတဲ့ လူတွေနဲ့ အနေကြာလာတဲ့အခါ
ကိုယ်ကိုယ်တိုင် အမှားကိုအမှားမှန်း သိရက်နဲ့မကောင်းမှုမှာ
မွေ့လျော်သွားတဲ့အခါ ဘာကို အပြစ်တင်ရမလဲ၊ ကိုယ့်ဗီဇကိုက ဆိုးနေလို့လား
ပတ်ဝန်းကျင်လွှမ်းမိုးမှုကပဲ အရမ်းကြီးနေလို့လား…
ဒီရုပ်ရှင်ဟာ ဒိန်းမတ်ဒါရိုက်တာ Jeanette Nordahlရဲ့
ပွဲဦးထုတ်ရိုက်ကူးထားတဲ့ Crime Thriller ရုပ်ရှင်ဖြစ်ပြီး
2020 ဘာလင်ရုပ်ရှင်ပွဲတော်မှာပြသခွင့်ရခဲ့သလို Critic
များစွာရဲ့ Reviewကောင်းတွေကို ရရှိထားပါတယ်၊
ကြည့်ရှုသူတွေက ပေးတဲ့IMDb ratingမှာ 5.8ပဲရှိပြီး
Criticသမားအများစုရဲ့ Rotten Tomatoesမှာတော့
93% အထိ ရှိနေတဲ့အတွက် ကြည့်ရှုသူအပေါ် မူတည်ပြီး
အကြိုက်တွေ့မှု၊ မတွေ့မှုတွေမှာ ဝိဝါဒကွဲပြားတာတွေတော့
ရှိနိုင်ပါတယ်၊ ဒါပေမဲ့ဒီNoir themeရုပ်ရှင်ကားဟာ
တွေးရင် တွေးသလောက် မေးခွန်းများစွာ ကိုယ့်ကိုယ်ကိုယ်
ပြန်မေးမိမယ့် ဇာတ်ကားဆိုတာတော့ သေချာပါတယ်၊
ဆေးစွဲနေတဲ့မိခင်ဖြစ်သူရဲ့ ကားမတော်တဆမှုကြောင့်
အသက်၁၇နှစ်သာ ရှိသေးတဲ့ Idaဆိုတဲ့မိန်းကလေးဟာ
အဒေါ်ဖြစ်သူ Bodilရဲ့မိသားစုနဲ့ သွားနေထိုင်ရပါတယ်၊
အဒေါ်မိသားစုဟာ သူ့အပေါ်အရမ်းကောင်းပြီး တစ်ဦးနဲ့
တစ်ဦး အရမ်းချစ်ကြပုံရပေမဲ့ သူတို့ရဲ့အဲဒီစရိုက်တွေက
ဟန်ဆောင်မျက်နှာဖုံး ဖြစ်နေခဲ့သလို သူတို့ရဲ့အသက်
မွေးဝမ်းကြောင်းကလည်း သူတစ်ပါးရဲ့မျက်ရည်ကြီးငယ်
နဲ့ ထမင်းစားရတဲ့အလုပ်မျိုးဖြစ်နေတဲ့အခါ
Idaရဲ့အကျင့်စရိုက်တွေ ဘယ်လိုပြောင်းလဲသွားမလဲ၊
တစ်နေ့မှာ သူတို့ရဲ့အလုပ်ကနေ ဒုစရိုက်မှုတစ်ခုအဖြစ်
ပြောင်းသွားတဲ့အခါ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ…..
ဒီရုပ်ရှင်ကားဟာ အနောက်တိုင်းလို လူ့အခွင့်အရေးကို
အရမ်းအရေးပေးတဲ့ နိုင်ငံမျိုးတွေမှာတောင် အနည်းငယ်
အမြစ်တွယ်နေသေးတဲ့ အဆိပ်ဆန်တဲ့မဟာဖိုဝါဒီအကြောင်း ပါးပါးလေး ပုတ်ထားပါတယ်၊
ဒါ့အပြင် Idaရဲ့ ဇာတ်ရုပ်ကလည်း ကိုယ်သာဆိုရင် ဒီလိုအဖြစ်မခံဘူးလို့
တွေးမိစေတဲ့အထိ နားလည်ရခက်စေပါတယ်၊
ပြီးတော့ viewer sensitiveဖြစ်နိုင်တဲ့ အခန်းတစ်ခန်းကို
သေချာရိုက်ကူးပြထားတဲ့အတွက် ကြောက်လန့်တတ်သူ၊
စိတ်အားလျော့တတ်သူဆိုရင် သတိထားကြည့်ဖို့ ပြောပါရစေ
File Size : (1.5 GB) & (900 Mb)
Quality : Webrip 1080p & 720 p
Running Time : 1:29:00
Format : mp4
Subtitle : Myanmar Subtitle (Hard Sub)|
Genre : Crime, Drama, Thriller
Translated by Thaung Htike Zaw
Encoded by Mr. Anderson
watch movie Wildland (2021) burmese sub, Wildland (2021) မြန်မာစာတန်းထိုး, download Wildland (2021) mm sub