ဒီတစ်ခေါက်ရွေးချယ်ထားတဲ့ကားလေးကတော့ “Viruman”ဆိုတဲ့အိန္ဒိယမိသားစုဇာတ်ကားလေးပါ
မိသားစုကားဆိုပေမယ့်အက်ရှင်ခန်းတွေရောပါလို့ပျင်းရမှာမဟုတ်ပါဘူး ဇာတ်လမ်းအကြောင်းအရာလေးကိုနည်းနည်းမိတ်ဆက်ပေးပါမယ်
မူနီရာဒီဆိုတဲ့လူကြီးဟာပိုက်ဆံနဲ့ဩဇာအာဏာကိုသာအဓိကထားဦးစားပေးပြီးတော့ မိသားစု၊ သားသမီး၊ ဇနီးမယားဆိုတာတွေကို
အာရုံထဲတောင်မရှိတဲ့တစ်ကိုယ်ကောင်းဆန်တဲ့လူကြီးဖြစ်ပါတယ် သူ့ရဲ့သားလေးယောက်ထဲမှာအငယ်ဆုံးဖြစ်တဲ့ဗီရူမန်ဟာ
သူသိပ်ချစ်တဲ့အမေ သူ့အဖေကြောင့်ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်သွားတာကိုတွေ့တဲ့အခါ သူ့အဖေကိုသတ်ပစ်ချင်လောက်တဲ့အထိစိတ်နာပါတယ်
သူ့အဖေနဲ့လည်းအတူမနေတော့ဘဲ သူ့အမေဘက်ကဦးလေးတွေနဲ့ပဲအတူနေထိုင်ပါတယ်ဒီလိုနဲ့အရွယ်ရောက်လာတဲ့အခါသူတို့ရဲ့အမုန်းတရားကပိုပြီးတော့တောင်ကြီးလာပါတယ် အဖေဖြစ်တဲ့မူနီရာဒီဟာလည်း သားကိုသားလို့ကိုမသတ်မှတ်ဘဲ
တစ်ချိန်လုံးဒုက္ခပေးဖို့ကြိုးစားနေပြီးတော့ သားဖြစ်သူဗီရူမန်ကလည်းသူ့အဖေစိတ်အနှောင့်အယှက်ဒေါသဖြစ်စေမယ့်ကိစ္စဆိုရင်အားလုံးလုပ်ပါတယ်
သူတို့သားအဖနှစ်ယောက်ရဲ့ရန်ငြှိုးက ဘယ်အချိန်မှရပ်တန့်နိုင်မှာလဲမူနီရာဒီရဲ့တစ်ကိုယ်ကောင်းဆန်ပြီးမိသားစုကိုတန်ဖိုးမထားတတ်တဲ့
အကျင့်စာရိုက်တွေကိုနောက်ဆုံးမှာပြုပြင်ပေးနိုင်မှာလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
- Genre: Action, Family
- Release:
- Stars: Aditi Shankar, Karthi, Karunas, Prakash Raj, Rajkiran, Saranya Ponvannan, Singampuli, Soori, Vadivukarasi, Vasumithra
- Duration: 151 min
- Director: M. Muthaiah
- Country: IN
watch movie Viruman (2022) burmese sub, Viruman (2022) မြန်မာစာတန်းထိုး, download Viruman (2022) mm sub
Comment