တရုတ်တစ္ဆေ ခုန်စွခုန်စွ ဖုတ်ကောင်ကားသစ်လေးလာပါပြီ
ဇာတ်လမ်းအကျဉ်းကတော့ဦးလေး၉ဟာ ဘိုးဘေးလုပ်ငန်းဖြစ်တဲ့
ဖုန်းရွှေဆရာအလုပ်ကိုမလုပ်ပဲ ဆေးဆရာအဖြစ်အသက်မွေးဝမ်းကျောင်းနေပါတယ်။
နေကြတ်တဲ့နေ့တစ်နေ့ အပုပ်ချိန်မှာ ရှေးဟောင်းအလောင်းစာပိုးကောင်တွေထကြွပြီး
အခေါင်းစောင့်မြွေကြီးကလဲ လူတွေကိုထွက်စားနေပါတယ်။
ဦးလေး၉နဲ့တပည့်တွေဟာ ဖုတ်ကောင်အုပ်စုတိုက်ခိုက်ခြင်းကိုခံရပြီး
မြို့ငယ်လေးမှာကံဆိုးစွာ မကောင်းတဲ့ဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။
ထူးဆန်းတဲ့သေဆုံးမှုတွေကြောင့်ရဲအရာရှိတွေနဲ့ ဦးလေး၉ နဲ့
အတူအမှုကိုအပြင်းအထန်စစ်ဆေးကြပါတယ်။
နစ်နာသူပြည်သူတွေရဲ့ကိုယ်ပေါ်မှာအလောင်းဆိပ်မိနေပါတယ်။
ဦးလေး ၉ ဟာ တိတ်တဆိတ်စုံစမ်းရင်း ဂျပန်တွေရဲ့ဆေးကုသဖို့
ဖိတ်ကြားမှုကိုခံရပြီး ဂျပန်တပ်သားတွေရဲ့သင်္ချိုင်းဖောက်တဲ့
အကြံအစည်ကိုသိသွားတော့ ဂျပန်တွေရဲ့ကွပ်မျက်ခံရလုဆဲဆဲအခြေနေကိုရောက်သွားပါတယ်။
ဓားသွားပေါ်ကအခြေအနေမှာရောက်နေတဲ့ ဦးလေး၉ ဟာ
ဘယ်လိုအသက်လွတ်အောင်လုပ်ပြီး တစ္ဆေနှိမ်နင်းကာ
နိုင်ငံရတနာတွေကိုဘယ်လိုစောင့်ရှောက်မလဲ။
ပြီးတော့ ဂျပန်သင်္ချိုင်းဖောက်ထွင်းအဖွဲ့ကရောဘာတွေနဲ့ပတ်သက်နေမလဲ
ဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။
ဟောင်ကောင်ကား Mr Vampire (၁၉၈၅) ပုံစံအတိုင်းပဲဟာသလေးတွေနှောပြီး
ပြန်ရိုက်ထားတာဖြစ်တဲ့အတွက် ငယ်ဘဝကိုပြန်အမှတ်ရသွားမှာသေချာပါတယ်။
ပေါ့ပေါ့ပါးပါး ဖုတ်ကောင်ကားလေးကိုအားပေးကြပါဦးနော်။
Quality : WEB-DL 1080pFormat : mp4Genres : Action , Mystery , FantasyDuring : 1h 27 minSubtitle : Myanmar Subtitle ( Hardsub )Translated by Nu MonEncoded by LK
watch movie Uncle Nine: The Curious Case of the Ancient Coffin ( 2021 ) burmese sub, Uncle Nine: The Curious Case of the Ancient Coffin ( 2021 ) မြန်မာစာတန်းထိုး, download Uncle Nine: The Curious Case of the Ancient Coffin ( 2021 ) mm sub