TRUST (2021)
IMDb _ 5.4/10
Rotten Tomatoes _71%
အိမ်ထောင်တစ်ခုရယ်လို့ရှိလာခဲ့ရင် ကိုယ့်အမျိုးသားဖောက်ပြန်သွားမလား
စိုးရိမ်တတ်ကြတာ အမျိုးသမီးတိုင်းရဲ့ သဘာဝပါပဲ နှစ်တွေဘယ်လောက်ကြာကြာ
တတိယလူဆိုတာပေါ်လာခဲ့ရင် ကိစ္စတွေကမောက်ကမဖြစ်သွားနိုင်ပါတယ်
“နင်ငါတို့လိုသာကွာရှင်းရှေ့နေလုပ်ကြည့်ပါလား အချိန်ကြာလာတာနဲ့အမျှ
လူတိုင်းကဖောက်ပြန်နေကြပါလားဆိုပြီးသိလာလိမ့်မယ်”
“မိန်းမတွေက သူတို့ခိုးစားတာကိုလူမမိအောင်လုပ်တဲ့နေရာမှာယောကျာ်းတွေထက်ပိုတော်တယ်”
ဒီဇာတ်လမ်းကတော့ ယုံကြည်မှုကိုအခြေခံပြီး အိမ်ထောင်တစ်ခုတည်ဆောက်ထားတဲ့
အိုဝင်မ်နဲ့ ဘရော့ခ်တို့ရဲ့ အချစ်စမ်းပွဲအကြောင်းရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ်
ယုံကြည်မှုနဲ့လက်တွဲခဲ့ပေမယ့် အလုပ်ကိစ္စအကြောင်းပြပြီး အိုဝင်မ်တစ်ယောက်
ညဉ့်နက်တွေမှာ ထထသွားနေတာ ဘရော့ခ်တစ်ယောက်စိတ်ထဲဘဝင်မကျလှပါဘူး
ဒါ့အပြင်ဘရော့ခ်ရဲ့ သူငယ်ချင်းက ကွာရှင်းရှေ့နေတစ်ယောက်ပါ
“ဒီခေတ်ကြီးမှာအကုန်လုံးနီးပါးဖောက်ပြန်နေကြတာ နင့်ယောကျာ်းဖောက်ပြန်မပြန်သိချင်ရင်
ကြေးစားငှားပြီး စမ်းကြည့်ပါလား” ဒီစကားကိုနားယောင်သွားတဲ့ဘရော့ခ်တစ်ယောက်
ဘာတွေဆက်လုပ်သွားမလဲ အိုဝင်မ်ကရော ဘရော့ခ်အပေါ်သစ္စာမဖောက်တဲ့
ယောကျာ်းကောင်းတစ်ယောက်လားဆိုတာ ကြည့်ရှုရမယ့်ပညာပေးဇာတ်ကားတစ်ကားပါ
အိမ်ထောင်တစ်ခုမှာ ယုံကြည်မှုက အရေးအကြီးဆုံးဖြစ်ပြီးသံသယစဝင်တာနဲ့
အမှားတွေကပ်ပါလာတတ်ကြောင်းကွက်ကွက်ကွင်းကွင်းမြင်အောင်ရိုက်ပြထားတဲ့
ဇာတ်လမ်းဖြစ်တာကြောင့် သံသယများတတ်တဲ့လူတွေကြည့်ရှုဖို့အကောင်းဆုံးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်
(တချို့လူကြီးခန်းတွေနဲ့ စကားပြောတွေပါဝင်တာကြောင့်မိသားစုနှင့်ကြည့်ရှုရန်မသင့်တော်ပါ)
ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်ကတော့ Yunniမှရေးသားပြန်ဆိုထားပြီး တင်ဆက်ပေးသူက YKပဲဖြစ်ပါတယ်
File size…1.2Gb / 515MB
Quality…1080p WEB RIP AAC 5.1CH / 720p AAC 2.0CH
Format…mp4
Duration….1h 34m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Yunni
watch movie Trust (2021) burmese sub, Trust (2021) မြန်မာစာတန်းထိုး, download Trust (2021) mm sub