ကျိန်စာနဲ့ သည်းထိတ်ရင်ဖိုသရဲဇာတ်လမ်းတွေကို စိတ်ဝင်စားကြတဲ့သူတွေအတွက် ကောင်မလေးတစ်သိုက်နဲ့တိုရှိမအန်ကျိန်စာအကြောင်း ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ။
အထက်တန်းကျောင်းတည်းက ခင်ခဲ့ကြတဲ့ကောင်မလေးတစ်စုက ၃နှစ်ကြာမှ ပြန်ပြီးဆုံကြပါတယ်။ သူတို့အထဲက “စခိ”ဆိုတဲ့ကောင်မလေးက နိုင်ငံခြားမှာပညာတော်သင်သွားတော့မှာဖြစ်လို့ နှုတ်ဆက်ရင်းပြန်ဆုံကြတာပါ။ သူတို့က ကျောင်းသူဘဝမှာတည်းက ဖုန်းအလွန်သုံးပြီး အင်တာနက်နဲ့အကျွမ်းတဝင်ရှိကြပါတယ်။
သူတို့ရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ယုက ကတော့ လွန်ခဲ့တဲ့နှစ်တွေမှာ ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီနေ့မှာတော့ ပြန်ဆုံတဲ့ပွဲအတွက် အသွားမှာ “စခိ”က ပျောက်သွားတဲ့ယုကရဲ့ အမေဖြစ်သူနဲ့ဆုံခဲ့ပါတယ်။ စခိနဲ့ယုက က အရမ်းခင်ခဲ့တာမို့ ကစားကွင်း ဝင်ခွင့်အခမဲ့လက်မှတ်တွေကို ယူထားဖို့ပေးခဲ့ပါတယ်။
ဒီလိုနဲ့တွေ့ဆုံပွဲကိုရောက်တော့ ကျန်တဲ့သူငယ်ချင်းတွေကပါ ကစားကွင်းကိုသွားချင်နေတာမို့ သွားဖို့စီစဉ်လိုက်ကြပါတယ်။ သူတို့သွားတဲ့ကစားကွင်းမှာ တိုရှိမအန်ကျိန်စာဆိုတာရှိပါတယ်။ စည်းကမ်းချက်တွေထဲက တစ်ချက်ကို ဖောက်ဖျက်မိတာနဲ့ လျှို့ဝှက်နေရာကိုထာဝရခေါ်ဆောင်သွားခံရတော့မှာပါ။
ဒီလိုနဲ့ သူတို့သူငယ်ချင်းတစ်စုလည်း ဒီကျိန်စာကို စမ်းသပ်ကြည့်ဖို့ဖြစ်လာတဲ့အခါ သူတို့ကိုယ်တိုင်ကလည်း အကြောင်းအရင်းတစ်ခုကြောင့် ဒီကျိန်စာနဲ့ပြန်ပတ်သက်ရဖို့ ဖြစ်လာတာမို့ ဘာတွေကြုံရမလဲ ဘယ်လိုတွေကျိန်စာမိကြမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )
- Genre: Horror
- Release:
- Stars: Arisa Komiya, Fujiko Kojima, Hiroko Nakajima, Nana Asakawa, Naoki Kunishima, Naoto Takenaka, Rie Kitahara, Ruka Matsuda, Young Dais
- Duration: 81 min
- Director: Hiroshi Takahashi
- Country: JP
watch movie Toshimaen: Haunted Park (2019) burmese sub, Toshimaen: Haunted Park (2019) မြန်မာစာတန်းထိုး, download Toshimaen: Haunted Park (2019) mm sub
Comment