Thibaan x BNK48 (2020)
ဒီတစ်ခေါက်မှာတော့ စိတ်အပန်းဖြေရင်း မျက်စိပသာဒ ဖြစ်စရာ
ထိုင်း Fancy ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်၊
ဒီဇာတ်လမ်းက ထူးခြားစွာပဲ ဟာသဇာတ်လမ်းတွဲတွေနဲ့ ထိုင်းနိုင်ငံမှာနာမည်တစ်လုံးရှိတဲ့ Thibaanအဖွဲ့နဲ့
၂၀၁၇ ခုနှစ်ထဲက စတင်ဖွဲ့စည်းထားတဲ့Pop idol အဖွဲ့ BNK48တို့ collabလုပ်ပြီး ရိုက်ကူးထားတာဖြစ်လို့
Thibaanအဖွဲ့ရဲ့ အတည်ပေါက်ဟာသတွေနဲ့ အပြင်က တကယ့်Idol girlလေးများရဲ့အလှနဲ့ သရုပ်ဆောင်ပညာကို
တပါတည်းကြည့်ရှုခံစားရင်း ဘဝအမောတွေပြေစေမှာပါ၊
နာမည်ရIdolအဖွဲ့ဖြစ်တဲ့ BNK48အဖွဲ့အနေနဲ့ လက်ရှိမှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ အဆိုတော်အဖွဲ့ဖြစ်ပေမဲ့
အမြဲပြောင်းလဲနေတဲ့ ဂီတရေစီးကြောင်းထဲမှာ ဆန်းသစ်မှု မရှိလို့ ခေတ်နောက်ကျကျန်ခဲ့မှာကို စိုးရိမ်နေတဲ့အချိန်…
ထိုင်းအရှေ့ပိုင်း အီဆန်နယ်တေးဂီတတွေနဲ့ နာမည်ရလာတဲ့ Music producer ကောင်ဟွေလိုင်ကို မျက်စိကျပြီး
BNK အဖွဲ့အတွက် အီဆန်သီချင်းတစ်ပုဒ်စာ အပ်လိုက်ပါတယ်၊
Producer ”ကောင်” အနေနဲ့ နေမထိရေမထိIdolလေးတွေကို
ကိုယ်သီဆိုရမယ့် အီဆန်သီချင်းရဲ့ အနှစ်သာရ၊
အီဆန်နယ်ရဲ့ ဓလေ့စရိုက်ကို ကိုယ်တိုင်ခံစားနိုင်ဖို့ဆိုပြီး
အီဆန်နယ်၊ ဆီစကတ်မြို့ကို ခေါ်သွားခဲ့ပါတယ်
မြို့ကြီးပြကြီးမှာပဲ နေလာခဲ့တဲ့ နုနုရွရွIdolလေးတွေနဲ့
ကျေးလက်က ရိုးသားပွင့်လင်းတဲ့ ဒေသခံတွေနဲ့အတွေ့၊
တကယ့်ကျေးလက် ဓလေ့စရိုက်ကို ကိုယ်တိုင်အတွေ့မှာ
Idolလေးတွေအနေနဲ့ Producer ကောင်နဲ့ ပူးပေါင်းပြီး
အီဆန်သီချင်းတစ်ပုဒ်ကို အောင်မြင်စွာဖန်တီးနိုင်ပါ့မလား၊
ဘယ်လိုအခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ရမလဲ၊
သူတို့ရဲ့သီချင်းကရော ပရိသတ်အားပေးမှုရမလား စသဖြင့်
ရယ်မောစရာ ပျော်စရာ၊ ဝမ်းနည်းစရာ ခံစားချက်မျိုးစုံနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်၊
Idolတွေ တကယ်လှတာတော့ ပြောမယုံ ကြုံမှသိပါလိမ့်မယ်၊
ကိုယ်တိုင်ကြည့်ရှုခံစားရင်း ဘဝအမောတွေကနေ ခဏတာရုန်းထွက်လိုက်ပါ
အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။
Genre…..Music
Quality….WEB-DL 1080p and 720p
File size… 1.8GB and 1GB and 305MB
Format…mp4
Duration….2h 8min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. JimX
Encoder ….. August
watch movie Thi-Baan x BNK48 (2020) burmese sub, Thi-Baan x BNK48 (2020) မြန်မာစာတန်းထိုး, download Thi-Baan x BNK48 (2020) mm sub