There’s Someone Inside Your House(2021) ရုပ်ရှင်အညွှန်း
အသစ်ထွက် Netflix လူသတ်ကားလေး လာပါပြီဗျာ
ဇာတ်ကားခေါင်းစဥ်ကို ဖတ်ပြီး ခင်ဗျား အိမ်ထဲကို လူတစ်ယောက်က ဝင်ပြီး
တစ်ကားလုံး ခင်ဗျားကို သတ်ဖို့ကြိုးစားတဲ့ သည်းထိတ်ရင်ဖို horror ကားလို့ ထင်ရင်တော့ မှားမယ်ဗျ
ကျွန်တော်လည်း အဲ့ဒီလို ထင်ခဲ့ပေမယ့် ဇာတ်ကားကိုက ခေါင်းစဥ်နဲ့ ဘာမှကိုမဆိုင်တာပါ
ခေါင်းစဥ်ရဲ့အဓိပ္ပါယ်က ဇာတ်ကားကို ကြည့်ပြီးမှ ကိုယ့်ဘာကိုယ် တွေးယူရမယ့် ပုံစံမျိုးပါပဲ
ဇာတ်လမ်းအကျဥ်း ကတော့ မက်ကာနီ ဆိုတဲ့ ဂျူနီယာ အထက်တန်းကျောင်းသူမလေးဟာ
အကြောင်းတစ်ခုကြောင့် ဟာဝိုင်အီ ကနေ အော့စဘွန်းဆိုတဲ့ မြို့လေးကို ပြောင်းလာပါတယ်
အဲ့ဒီလို ပြောင်းလာရာကနေ သူတက်နေတဲ့ အထက်တန်းကျောင်းက ကျောင်းသားတွေရော
မြို့ထဲကလူတွေရောဟာ ထူးဆန်းတဲ့ လူသတ်မှုတွေနဲ့ ကြုံတွေ့လာရပါတယ်
အဲ့ဒီလူသတ်မှုတွေရဲ့ နောက်ကွယ်က လူက ဘယ်သူလဲ ဘာလို့သတ်ရတာလဲ
အဲ့ဒါတွေကိုရော ဖော်ထုတ်နိုင်သွားမလား ဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်
Slasher Movie ဖြစ်တဲ့အတွက် ဓားတစ်ချောင်းနဲ့ လူကို အားရပါးရ လိုက်ခုတ်ဖြတ်ထိုးတာကို
သေချာ ကြည့်ချင်တဲ့ သူတွေအတွက် သင့်တော်မှာပါ
နောက်ပြီး လူသတ်သမားကိုလည်း ကိုယ်တိုင် ဘယ်သူလဲ ဆိုတာကို သိချင်နေပြီး
ဟိုလူဖြစ်မလား ဒီလူဖြစ်မလား ဆိုပြီး ကိုယ်တိုင်စုံထောက်လိုက်လုပ်နေရမယ့် ဇာတ်ကားမျိူးပါပဲ
အဲ့ဒီတော့ ကိုယ်တိုင်ကိုက ခုတ်ဖြတ်ထိုး တာတွေလည်း မြင်ချင် မှုခင်းဇာတ်လမ်းမျိူးကိုလည်း
ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားကို အညွှန်းဖတ်ပြီးတာနဲ့ ဒေါင်းကြည့်ပေတော့ဗျာ
File size…947MB / 1.6GB
Quality…720p NF / 1080p HEVC
Format…Mp4
Duration….1h 36mins
Subtitle….Myanmar Subtiltle (Hard Sub)
Encoder….YK
Translated by Thura Hein & Thu Ra Htet Aung
watch movie There’s Someone Inside Your House(2021) burmese sub, There’s Someone Inside Your House(2021) မြန်မာစာတန်းထိုး, download There’s Someone Inside Your House(2021) mm sub