The Unforgivable (2021)

· Updated On · Posted On
The Unforgivable (2021)
7.0/1043 votes
Bookmark

The Unforgivable (2021)

IMDb – 7.2/10

အမှားမကျူးလွန်ဖူးတဲ့ ပုထုဇဉ်လူသားဆိုတာ
လက်​​တွေ့ဆန်ဆန်​ ပြောရရင် မရှိနိုင်ပါဘူး။
လူတိုင်းအနည်းနဲ့အများ​​တော့ မှားခဲ့ဖူးတဲ့ အခိုက်အတံ့​တွေရှိမှာပါ၊
အဲဒီအမှားက ကြီးလား ​သေးငယ်လား၊ ခွင့်လွှတ်လို့ရလား မရဘူးလားဆိုတာက​တော့
ကိုယ့်အမှား​ကြောင့် နစ်နာသွားတဲ့ တစ်ဖက်လူရဲ့ Perspective​ပေါ်မှာပဲ မူတည်​နေမှာပါ

ဒီရုပ်ရှင်ဟာ Netflixက အသစ်ထွက်ရှိထားတဲ့ Drama, Thriller ကားစစ်စစ်ဖြစ်ပြီး
ဝါရင့်မင်းသမီးကြီး Sandra Bullockကိုယ်တိုင် ​ခေါင်း​ဆောင် ပါဝင်ထားပါတယ်။
2009 ခုနှစ်က ထွက်ရှိခဲ့တဲ့ စီးရီးတို The Unforgiven ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်

Ruth Slater ဟာ ငယ်စဉ်ကကျူးလွန်ခဲ့တဲ့ ပြစ်မှုတစ်ခု​ကြောင့်
နှစ်ရှည်​ထောင်ဒဏ် ချမှတ်ခံခဲ့ရသလို
ညီမ​ဖြစ်သူ Katherineနဲ့ ​ဝေးခဲ့ရပါတယ်။
ထောင်ကလွတ်လာတဲ့အချိန်မှာ​တော့ ညီမဖြစ်သူကို ရှာ​ဖွေဖို့နဲ့
လူ့အသိုင်းအဝိုင်းထဲကို ပြန်ဝင်ဆံ့ဖို့ Ruthတစ်​ယောက် ကြိုးစားရပါ​တော့တယ်။
ဒါ​ပေမဲ့Ruthလွတ်လာတာကို မ​​ကျေနပ်တဲ့
Ruthရဲ့ အမှားကို ခွင့်လွှတ်နိုင်စွမ်းမရှိ​သေးတဲ့ နစ်နာသူမိသားစုက
ကလဲ့စား​ချေဖို့ အပြင်းအထန်ကြိုးစားလာခဲ့တဲ့အခါ….

Ruth ကျူးလွန်ခဲ့တဲ့အမှားက ဘာများလဲ၊
ဘာ​ကြောင့် နစ်နာသူ​တွေ ခုချိန်ထိ ခွင့်မလွှတ်နိုင်ကြတာလဲ၊
အငြိုးနဲ့ အာဃာတ​တွေကြားထဲက Ruth အ​နေနဲ့
ညီမ​ဖြစ်သူနဲ့ ပြန်လည်ဆုံစည်းခွင့်ရမလားဆိုတာကို
မင်းသမီးကြီးနဲ့အတူ ကိုယ်တိုင်လိုက်ပါ စီး​မျောခွင့်ရမယ့်
တန်းမြင့် Dramaကားစစ်စစ်ပဲ ဖြစ်ပါတယ်

အညွှန်းကို JimX က ရေးထားပေးပြီးတော့

ဘာသာပြန်ထားတာကတော့ JimX နဲ့ Pyi Ti Nyein ပဲ ဖြစ်ပါတယ်။

Genre…..Crime,Drama
Quality….WEB-DL 1080p and 720p
File size… 1.8GB and 1 GB and 350MB
Format…mp4
Duration….1h 52min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. JimX and Pyi Ti Nyein
Encoder ….. August

watch movie The Unforgivable (2021) burmese sub, The Unforgivable (2021) မြန်မာစာတန်းထိုး, download The Unforgivable (2021) mm sub