The Pursuit of Happyness (2006)

· Updated On · Posted On
The Pursuit of Happyness (2006)
7.0/355 votes
Bookmark

အကယ်​၍ သင်​ဟာ Single Father တစ်​​ယောက်​ဖြစ်​ပြီး သင့်က​လေးအိပ်​ဖို့အတွက်​ ​ကျောတစ်​ခင်းစာ​တောင်​မဖန်​တီး​ပေးနိုင်​​တော့ဘူးဆိုရင်​…သင့်ရင်​​သွေးကိုစွန့်လွှတ်လိုက်​​မှာပါလား? ? ?

Chris Gardner ဆိုတဲ့ လူတစ်​​ယောက်​​က​တော့ မိမိရဲ့သား​လေးလက်​ကိုဆွဲပြီး ဘဝရဲ့အခက်​ခဲဆုံးအချိန်​​တွေကိုဖြတ်​​ကျော်​ပြီးလို့ အခုဆို Millionaire တစ်​​ယောက်​​တောင်​ဖြစ်​လို့​နေပါပြီ။

သင့်ဘဝကို သင်​ခက်​ခဲလှပြီလို့ထင်​​နေရင်​ တကယ့်ဖြစ်​ရပ်​မှန်​ဘဝကိုအ​ခြေခံပြီးရိုက်​ကူးထားတဲ့ ဒီဇာတ်​ကား​လေးကို အချိန်​​ပေးပြီးကြည့်ကြည့်လိုက်​ပါ

ဒီကား​လေးကြည့်ပြီး အရင်​ဦးဆုံး ခံစားမိမှာက​တော့ ဖခင်​တစ်​​​ယောက်​ရဲ့​မေတ္တာ ဘယ်​​လောက်​ နက်​ရှိုင်းတယ်​ဆိုတာပါပဲ…

ဘဝရဲ့အဆိုးဆုံးအ​ခြေအ​နေတစ်​ခုမှာ​တောင်​ သားဖြစ်​သူကို လက်​လွှတ်​မခံခဲ့တဲ့ ဖခင်​တစ်​​ယောက်​ရဲ့ ​မိဘ​မေတ္တာ…

ကျွန်​​တော်​တို့ ​တော်​​တော်​များများ ​ငွေကိုသည်းကြီးမည်းကြီးရှာ​နေကြချိန်​မှာ ​ပျော်​ရွှင်​မှုဆိုတာဘာလဲ ဘယ်​လိုအရာက မိမိကို​ပျော်ရွှင်​​စေတာလဲ မ​တွေးမိကြတာများပါတယ်​…

ဒီဇာတ်​ကား​လေးက​နေ ​တော်​ရုံသတိပြုမိဖို့ခဲယဉ်းတဲ့ဖခင်​တစ်​​ယောက်​ရဲ့ချစ်​ခြင်းမေတ္တာရယ်​…​​
​ပျော်​ရွှင်​မှုဆိုတာ ကြိုးစားသူတိုင်းအတွက်​ အလှမ်းမ​ဝေးဘူးဆိုတာရယ်​…
ဘဝဆိုတာ ​”ဘုံလုံတစ်​လှည့် ငါးပျံတစ်​လှည့်” ဖြစ်​​တယ်​ဆိုတာ စိတ်​ကူးယဉ်​သက်​သက်​မဟုတ်​ပဲလက်​​တွေ့မှာပါ တကယ်​ရှိတယ်​ဆိုတာ တို့ကို…သာမန်​အ​ရောင်းသမား(Saleman) ​လေးဘဝက​နေ သန်းကြွယ်​သူ​ဌေးတစ်​​ယောက်​ဖြစ်​လာသည်​အထိ ခက်​ခက်​ခဲခဲ ရုန်းကန်​လှုပ်​ရှားခဲ့ရသူ Chris Gardner ရဲ့ဘဝကို​ inspired လုပ်​ပြီး ရိုက်​ကူးထားတဲ့ “The Pursuit of Happyness” ဆိုတဲ့ကား​လေးမှာ အထင်​အရှား​တွေ့ကြရမှာပါ…

ဒီဇာတ်​ကား​လေးကို​တော့ Director Gabriele Muccino ကရိုက်​ကူးထားပြီးကျွန်​​တော်​တို့ရုပ်​ရှင်​ကြိုက်​သူ​တွေအားလုံးနဲ့
ရင်းနှီးပြီးသားဖြစ်​တဲ့ မင်းသားကြီး Will Smith ကသရုပ်​​ဆောင်​ထားပါတယ်​…

ထူးခြားမှုအ​နေနဲ့က ဒီဇာတ်​ကားထဲမှာ Chris Gardner(Will Smith) ရဲ့ သား​နေရာက​နေ သရုပ်​​ဆောင်​ထားသူက​တော့Will Smith ရဲ့ သားအရင်းဖြစ်​သူ Jaden Smith ပဲဖြစ်​ပါတယ်​…၈ နှစ်​အရွယ်​သာရှိ​သေးတဲ့ Jaden Smith ရဲ့ပထမဦးဆုံးပွဲဦးထွက်​ကားဖြစ်​​ခဲ့ပေမယ့်
> MTV+TV awards(2007) :
Breakthrough Performance ဆု
> Phoenix Film Critics Society Awards(2006)
:Best Performance by a Youth ဆု
> Teen Choice Awards(2007)ဆုတို့ရခဲ့တဲ့အပြင်​ အခြား Nominees ​ပေါင်းများစွာလဲ ဝင်​ခဲ့ပါ​သေးတယ်​…အနုပညာ​သွေးအခံရှိလို့ထင်​ပါရဲ့…

မင်းသားကြီး Will Smith ကိုယ်​တိုင်​လဲ
> Academy Awards,USA(Oscar)(2007): Nominated
> Gloden Globe,USA(2007): Nominated တို့အပြင်​ အခြား Nominees ​ပေါင်းများစွာနဲ့ ဆု​တွေကိုလဲ ရ​ခဲ့​သေးတာဆို​တော့..

အချိန်​၂နာရီ​ပေးပြီးကြည့်​ရမှာ တကယ်​တန်​တဲ့ကား​ကောင်းတစ်​ကားလို့ညွှန်းလိုက်​ပါရ​စေ​ဗျာ…။

IMDb Rating(8.0)ထိရရှိထားပါတယ်။

File size…(1.7 GB)/(800 MB)
Quality….BluRay 1080p/720p
Format…mp4
Duration….01:57:27
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by Saw Bwar

watch movie The Pursuit of Happyness (2006) burmese sub, The Pursuit of Happyness (2006) မြန်မာစာတန်းထိုး, download The Pursuit of Happyness (2006) mm sub