ကြည့်ပြီးရင် မိသားစုတစ်ခုတည်ဆောက်ဖို့အကြောင်း တာဝန်ဝတ္တရားတွေကို လေးလေးနက်နက်တွေးမိစေမှာဖြစ်ပေမဲ့ မိသားစုတွေနဲ့အတူတော့ မကြည့်သင့်တဲ့ရုပ်ရှင်မျိုး..။ လိင်ပိုင်းဆိုင်ရာပြကွက်တွေက အထွဋ်အထိပ်ရောက်စေတဲ့အထိတော့ စိတ်ကျေနပ်စေမှာ မဟုတ်ပေမဲ့လို့ ကိုယ့်ဟာကို တစ်ယောက်တည်းကြည့်နေတုန်းက အကောင်း..၊ ဘေးမှာ တစ်ယောက်ယောက်လာရပ်နေမှ ဖောင်းဒိုင်း ဖောင်းဒိုင်း ထလုပ်ကြတဲ့ ဇာတ်ကွက်တွေ ထွက်လာနိုင်တယ်..။ ဒီတော့ ကြိုတင်ပြီးတော့ သတိပေးလိုက်ရပါတယ်..။ ဇာတ်လမ်းအကြောင်းကို ဆက်ပြီးပြောရရင်တော့ ရသခံစားမှုမျိုးကို တိုက်ရိုက်ချပြထားတဲ့ဇာတ်လမ်းမျိုးမဟုတ်လို့ နည်းနည်း ပျင်းစရာကောင်းပြီး အီနိုင်တယ်..။ နားမလည်ခြင်းသဘောတွေက အနုပညာကို ခံစားတတ်သူတွေအတွက်တော့ အထွေအထူးတော့ မဟုတ်လှဘူးဆိုတော့ခံစားမှု အရသာကသာ အဓိကပဲဆိုရင် တစ်ခါလောက် ကြည့်သင့်တယ်..။ အမျိုးသမီးတစ်ယောက်ရဲ့ ငယ်ရွယ်မှုနဲ့ ငယ်ရွယ်မှုအလွန်ဖြတ်သန်းရပုံ နှစ်ခု ယှဉ်ပြိုင်တင်ဆက် ပြသထားပုံထဲမှာ အဆင်မပြေမှုတွေကိုလည်း မြင်ရမယ်..။ လိင်မှုတွေလည်း မြင်ရမယ်..။ သားသမီးတွေရဲ့ ဗာဟီရ ဝတ္တရားတွေဆီကနေ ရုန်းထွက်သွားချင်စိတ်တွေကိုရော..။ ဒီဇာတ်ကားထဲမှာတော့ က္ကထိယတွေ မကောင်းပါဘူး..။ ဒီဇာတ်ကားထဲမှာကို ပြောတာ..။ ဒါပေမဲ့လည်း က္ကထိယတွေမကောင်းတာ မှန်ပေမဲ့လို့ ဒီဇာတ်ကားကြောင့်ပဲ မိခင်တွေရဲ့ အနစ်နာခံရမှုတွေကိုလည်း ပြန်လည် သုံးသပ်မိစေမှာပါ..။ အဲ့ဒီအခါမှာ မိခင်တစ်ယောက်ရဲ့ အနစ်နာခံခဲ့ရမှုတွေကို ရရှိခဲ့တဲ့သူတွေကလည်း ကျေးဇူးတင်စိတ်ကို ခံစားရပြီးတော့..၊ ဒီလို မရရှိခဲ့ဖူးသူတွေကလည်း မိသားစုတစ်ခုကို လက်လွတ်စပယ် တည်ဆောက်ဖို့ကို ဆင်ခြင်မိစေမှာပါ..။ တစ်ယောက်တည်းအမြင်အရ ဒီဇာတ်လမ်းရဲ့ အကောင်းတကာ့ အကောင်းဆုံးအချက်ကတော့ ကလေးတစ်ယောက်အမေ မမ အရမ်းမိုက်ပါတယ်..။ သူ့မျက်နှာရဲ့ညှို့ဓာတ်က သိပ်ကို အားပြင်းလွန်းလို့ ဘာသာပြန်နေရင်း ရှေ့မရောက်တော့တဲ့အထိပါပဲ..။ သူ့ခန္ဓာနဲ့ မျက်နှာနှစ်ခုတည်းနဲ့တင် ကြည့်ဖို့ လုံလောက်တဲ့ ဇာတ်ကားတစ်ကားမို့ ဒေါင်းလုဒ်ဆွဲကြည့်ပါလို့ ညွှန်းလိုက်ရပါတယ်..။ (ဘာသာပြန်နဲ့ အညွှန်းရေးသားသူကတော့ ရှင်းမာန်ထက်မြက်ပါ)
File size…(2 GB)/(1 GB)/(500 Mb)
Quality….Webrip 1080p / 720p / 480p
Format…mp4
Duration….02:01:00
Genre…Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Shin Mann Htet Myat
watch movie The Lost Daughter (2021) burmese sub, The Lost Daughter (2021) မြန်မာစာတန်းထိုး, download The Lost Daughter (2021) mm sub