The kiddie Tomb ( 2021 )

· Updated On · Posted On
The kiddie Tomb ( 2021 )
7.0/1109 votes
Bookmark
Followed by 18 members

ပြည်တွင်းစစ်ကြောင့်နိုင်ငံရေးရှုပ်ထွေးပြီးမငြိမ်သက်ဖြစ်နေတဲ့ခေတ်ကြီးမှာ

စစ်မက်ကြောင့်ပြည်သူတွေဟာရှင်သန်ဖို့အလွန်ခက်ခဲလာတယ်။

ရှဲ့လင်ဂိုဏ်းဟာ အတိတ်ကိုထားခဲ့ပြီး စာမျက်နှာအသစ်ဖွင့်ခဲ့ပေမယ့် ခေတ်ပျက်ကြီးကြောင့်

ပြည်သူတွေကိုစားနိပ်ရိက္ခာကူညီဖို့ရာ သင်္ချိုင်းဖောက်ထွင်းတဲ့အလုပ်ကိုပြန်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

ရှဲ့လင်ဂိုဏ်းခေါင်းဆောင် ကျန်းဟွေးရွေ့ဟာ ရှဲ့လင်ဂိုဏ်းသားတွေကိုဦးဆောင်ပြီး

သင်္ချိုင်းတစ်ခုကိုဖောက်ခဲ့ပါတယ်။ထင်မထားပဲနှစ်တစ်ထောင်သတ္တဝါကြီးနဲ့ကြုံတွေ့ရပြီး

ဒဏ်ရာအပြင်းအထန်ရထားတဲ့ခေါင်းဆောင်ကြီးနဲ့ ခေါင်းဆောင်ကြီးရဲ့တူ

ကျန်းယွီနဲ့နောက်လိုက်တစ်ဦးဖြစ်တဲ့ ရှုန်းခွေတို့ပဲရှင်ရက်ရွာကိုပြန်လာနိုင်ခဲ့ပါတယ်။

အဲဒီအချိန်မှာကျန်းယွီနဲ့ကလေးကတည်းကစေ့စပ်ထားတဲ့ ကုလင် ဟာ

အငတ်ဘေးကြောင့်သေတော့မယ့်မောင်လေးကိုကယ်ဖို့ရာ ကျန်းယွီနဲ့လက်ထပ်ဖို့ရောက်လာပါတယ်။

အဲဒီအချိန်မှာ သင်္ချိုင်းဖောက်တဲ့သတင်းရသွားတဲ့ တပ်မှူးကျန်းဟာ

လောဘတက်ပြီး အတင်းအဓမ္မ ကျန်းယွီကိုသင်္ချိုင်းဆီလမ်းပြခိုင်းပါတော့တယ်။

ဒီလိုနဲ့ကျန်းယွီ၊ ကုလင်၊ ရှုန်းခွေ၊ တပ်မှူးကျန်းနဲ့နောက်လိုက်တစ်သိုက်ဟာ

အဲဒီသင်္ချိုင်းကိုအတူပြန်ပြီး စွန့်စားခန်းစတင်ကြပါတယ်။သင်္ချိုင်းဖောက်ပြီးရတနာသိုက်တူးတဲ့

Adventure ဇာတ်ကားဆိုပေမယ့် Thriller ဆန်ဆန်ရိုက်ထားတာကြောင့်

ကျောချမ်းချမ်းနဲ့ ပိုစိတ်ဝင်စားစရာကောင်းပါတယ်။ချမ်းအေးတဲ့ဆောင်းညနဲ့လိုက်ဖက်တဲ့

ကားကောင်းလေးတစ်ကားမို့ ကြည့်ဖို့တိုက်တွန်းပါတယ်နော်။

 

Quality : WEB-DL 1080p

Format : mp4

During : 1h 12 min

Genres : Action , Adventure

Subtitle : Myanmar Subtitle ( hardsub )

Translated By Nu Mon

Encoded  By LK

watch movie The kiddie Tomb ( 2021 ) burmese sub, The kiddie Tomb ( 2021 ) မြန်မာစာတန်းထိုး, download The kiddie Tomb ( 2021 ) mm sub