Tari Sathe (2021)

· Updated On · Posted On
Tari Sathe (2021)
7.0/305 votes
Bookmark

Tari Sathe 2021
Family/ Romance

တစ်ခါတလေတော့ အချစ်ကို ကျွန်တော်တို့တိုင်းတာတဲ့စံနှုန်းတွေဟာ တော်တော်ညှိရခက်သား။ အဲလိုညှိရနှိုင်းရခက်လာတိုင်း ခေတ်သစ်၊ စနစ်သစ်ကြီးရဲ့သဘောလို ကွဲကြပြတ်ကြမလား၊ ပြန်လည်ငြိမ်းချမ်းရေးယူမလားကတော့ လူတစ်ဦးနဲ့တစ်ယောက်ချင်း၊ အတွဲတစ်တွဲနဲ့တစ်တွဲချင်း တစ်ထပ်တည်းတော့ကျနိုင်မယ်မထင်ပါဘူး။ တစ်ခါတလေမှာ ယောက်ျားလေးဖက်ကချည်း တစ်ဖက်သတ်ဆွဲထားရတာမျိုးတွေတွေ့နိုင်သလို၊ တစ်ခါတလေကျပြန်တော့လည်း မိန်းကလေးဖက်ကချည်း တစ်ဖက်သတ် ခြေစုံကန်ထားရတာမျိုး၊ တစ်ခါတလေကျပြန်တော့လည်း နှစ်ဦးနှစ်ဖက် ကတောက်တဆညီတူညီမျှဖြစ်ရင်း သူ့အတ္တ၊ ကိုယ့်မာနပြိုင်ကြတာမျိုးတွေပေါ့။

ဒါမျိုးတွေဟာဖြစ်လေ့ဖြစ်ထရှိတဲ့သဘောတရားတွေမို့၊ ဒါမျိုးတွေကို‌ဖြေရှင်းတဲ့အခါ ညှိနှိုင်းတဲ့အခါ ဘယ်လိုမျိုးချဉ်းကပ်ကိုင်တွယ်ရမယ်နည်းလမ်းပေါင်းများစွာပါဝင်ပါတယ်။ ပထမရည်းစားရဲ့စပါယ်ရှယ်ဘဲပစ်ခံရပြီးပျက်သွားခဲ့ရတဲ့ ဘဲပစ်မလေးဟာ သူ့အမေပေးစားမယ့်သူရှိရာ ဘဒိုဒရာဆိုတဲ့မြို့လေးကိုရောက်လာခဲ့တယ်‌ဆိုပါတော့။ သူက အစကတော့ သူ့အမေပေးစားမယ့်သူကို လူချင်းမျက်နှာချင်း‌ဆိုင်တွေ့ပြီးချေပြီးတော့ ငြင်းဖို့သွားခဲ့တာဗျ။ ဒါပေမဲ့ အဲဒီမြို့က ခရစ်ကတ်ကစားသမားအရမ်းဖြစ်ချင်တဲ့ကောင်လေးနဲ့တွေ့တဲ့အခါ၊ အဲဒီကောင်လေးနဲ့ သူ့အမေပေးစားမယ့်သူကြား ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ….။

ဘဲပစ်မလေးတွေပါ ကြည်နူးရမယ့် ဒီဇာတ်ကားလေးက အိန္ဒိယနိုင်ငံရဲ့ Gujarat စကားပြော ဇာတ်ကားလေးဖြစ်ပြီး အကအလှရိုမန့်တစ်တွေနဲ့မို့  ကြည့်ပျော်မယ့်ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။

File size…(2 GB)/(900 MB)
Quality….BluRay 1080p/720p
Format…mp4
Duration….01:56:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by San Thu Aung

watch movie Tari Sathe (2021) burmese sub, Tari Sathe (2021) မြန်မာစာတန်းထိုး, download Tari Sathe (2021) mm sub