Sweet River (2020)
==============
ချစ်မြတ်နိုးရ၊ တန်ဖိုးထားရတဲ့ တစ်စုံတစ်ယောက်ကို
ဆုံးရှုံးလိုက်ရတဲ့ သူအဖို့ “ပျောက်သောသူ ကြာရင်မေ့”
ဆိုတဲ့ အဖြစ်မျိုးလည်း ရှိနိုင်သလို ဘယ်သောအခါမှ
ကုစားမရတဲ့ နောင်တအဖြစ် အမြစ်တွယ်သွားတာလည်း
ရှိတတ်တယ် မဟုတ်လား၊ တချို့ ပူဆွေးမှုတွေဆိုရင်
ကိုယ်တိုင် မေ့ဖျောက်ချင်စိတ်မရှိဘဲ တမ်းတမ်းတတ
ဖြစ်နေတတ်တာမျိုးမှတ်လား။
ဒီရုပ်ရှင်ရဲ့ Genre ဟာ Horror , mysteryပါ၊ ဒါပေမဲ့
အဓိကဇာတ်ဆောင်၂ယောက်ရဲ့ ဇာတ်ကောင်အပေါ်
စီးမြောမှု၊ သရုပ်ဆောင်မှုတွေအောက်မှာ ဒီဇာတ်ကားဟာ
Dramaပိုင်းကို မသိမသာ ပိုကဲသွားပါတယ်၊
သို့ပေမဲ့လည်း ရုပ်ရှင်ရဲ့ အဓိက theme ဖြစ်တဲ့ ပဟေဠိ
ဆန်မှု၊ ခြောက်ခြားဖွယ်ကောင်းမှုကိုလည်း လျော့မသွားဘဲ
ရိုက်ပြထားနိုင်တာကိုက ဒီကားရဲ့ဆွဲဆောင်မှုရှိတဲ့အချက်ပါ
ကွင်းဆက်လူသတ်သမားလက်ထဲမှာ ဖမ်းခံလိုက်ရပြီး
သေသလား၊ ရှင်သလားတောင် မသိတဲ့အခြေအနေအတွက်
မိခင်ဖြစ်သူ Hanna ဟာ ချောင်ကျတဲ့ Billinsမြို့လေးကို
ကိုယ်တိုင်စုံစမ်းအဖြေရှာဖို့ တစ်ကျော့ပြန်ရောက်လာခဲ့ပါတယ်၊
သားသည်မိခင်တွေရဲ့ အပူကို ဘယ်အပူမှ မမီနိုင်ဘူး
ဆိုသလို သားဇောနဲ့ မရမကအဖြေရှာဖို့ ကြိုးစားနေတဲ့
Hannaအတွက် အချိန်ကြာလေ၊ သိရှိလာလေကတော့
သူရှာနေတဲ့အဖြေဟာ ဒီမြို့လေးရဲ့ လျှို့ဝှက်ချက်နဲ့
ပတ်သတ်နေသလို ဒီမြို့ကရှင်သူတွေရော၊ သေဆုံးပြီးသူ
တွေရောက ဒီလျှို့ဝှက်ချက်ကို မပေါ်ပေါက်စေလိုတာ၊
သူ့ကိုဒီမြို့မှာ အလိုမရှိတော့မှန်း သိလာတဲ့အခါ….
ဒီတောမြို့လေးရဲ့လျှို့ဝှက်ချက်က ဘာများဖြစ်နေလို့လဲ၊
ဘာကြောင့်များ သူတို့တွေဖုံးကွယ်ထားချင်တာလဲ၊
Hannaအပေါ် ဘယ်လိုသဘာဝလွန်ကိစ္စတွေ ဖြစ်လာမလဲ၊
ပျောက်ဆုံးသွားတဲ့သားဖြစ်သူနဲ့ရော ပြန်ဆုံတွေ့နိုင်မှာလား
စသဖြင့် မေးခွန်းပေါင်းများစွာနဲ့အတူ သည်းထိပ်ရင်ဖို
ဆန်တဲ့Horrorကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။
(ဒီဇာတ်လမ်းရဲ့ အညွှန်းကို JimX မှ ရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့
JimX, Chit Tee တို့ပဲဖြစ်ပါတယ်။)
File Size – (1.7 GB / 1 GB / 600 MB)
Quality – Web-DL 1080p, 720p, 480p
Duration – 1hrs 42min
Subtitle – Myanmar Hardsub
Format – MP4
Genre : Horror, Mystery, Thriller
Translator – JimX, Chit Tee
Encoder – San Win Maung
watch movie Sweet River (2020) burmese sub, Sweet River (2020) မြန်မာစာတန်းထိုး, download Sweet River (2020) mm sub