Sinister (2012)
~ IMDb – 6.8/10, RT – 63% ~
ဒီတစ်ခါမှာ ကျောချမ်းချမ်းနဲ့ ကြည့်ရမယ့် Horror ကားကောင်းလေးကို တင်ဆက်လိုက်ပါတယ်။ ၂၀၁၂မှာ ထွက်ရှိခဲ့ပြီး IMDb 6.8 ထိရခဲ့တဲ့ကားပေါ့။ ကြည့်ရှုတဲ့အခါ အသေးစိတ် details လေးတွေကို လိုက်ရှာပြူးပြဲကြည့်ရင်း ကြောက်ကြဖို့ အသိပေးပါရစေ။
ဇာတ်လမ်းလေးကိုတော့ မိသားစု၄ယောက် သစ်ပင်တစ်ပင်ကနေ ကြိုးဆွဲချခံရတဲ့ အခန်းနဲ့ စတင်ထားပါတယ်။ ဇာတ်လိုက်ဖြစ်တဲ့ မှုခင်းစာရေးဆရာ အော့စ်ဝဒ်ဟာ ဒီဖြစ်ရပ်ကို သိရှိထားပြီး မိသားစုကိုပါခေါ်ပြီး တစ်ကိုယ်ကောင်းဆန်စွာ မှုခင်းဖြစ်ပွားရာအိမ်ကို ပြောင်းရွေ့လာခဲ့ပါတယ်။
သူဒီလိုလုပ်တာဟာ ပထမဆုံးအကြိမ်မဟုတ်တော့ မိန်းမလုပ်သူကလည်း စိတ်ညစ်စပြုနေပြီ။
သူ့ရဲ့နာမည်ကြီး မှုခင်းစာအုပ် တစ်အုပ် အောင်မြင်ပြီး ၁၀နှစ်ကြာတဲ့အထိ ထပ်မထွန်းပေါက်လာတဲ့အတွက် နောက်ထပ်အောင်မြင်မှုတစ်ခုကိုရဖို့ ဒီဖြစ်ရပ်ဆိုးတွေနဲ့ကြုံခဲ့တဲ့ အိမ်ကြီးရဲ့အမှုအကြောင်း လေ့လာရေးသားဖို့ ပြောင်းလာပါတော့တယ်။
အိမ်ပြောင်းတဲ့ နေ့မှာပဲ ရဲမှူးကြီးက ချက်ချင်းပြန်ပြောင်းဖို့ သတိပေးပေမဲ့ နားမထောင်ခဲ့ဘူး။
ထပ်ခိုးမှာ ဘယ်ကမှန်းမသိတဲ့ ဘူးတစ်ဘူးထဲကနေ ပရိုဂျက်တာ အဟောင်းလေးနဲ့အတူ ရိုက်ကူးထားတဲ့ ဖလင်တချို့ကို ရှာတွေ့ခဲ့ပါတယ်။
ဒီဖလင်တွေကတော့ တခြားတော့မဟုတ်ပါဘူး၊ သူတို့ပြောင်းခဲ့တဲ့ မိသားစုအိမ်တွင်းရိုက်ကူးထားတဲ့ ဗီဒီယိုအပိုင်းအစလေးတွေပါ။
စပ်စုတဲ့ အနောက်တိုင်းသားတို့ရဲ့ ထုံးစံအတိုင်း ဖွင့်ကြည့်တဲ့အခါ မိသားစု ၅စုရဲ့ ပျော်ရွှင်စရာ ပုံရိပ်တွေကနေ ရက်ရက်စက်စက်အသတ်ခံရပုံတွေကို ရိုက်ကူးထားမှန်းသိလိုက်ရပါတော့တယ်။ အိမ်ပြောင်းလာတဲ့ နေ့ကစ’ပြီး ထပ်ခိုးက ခြောက်ခြားစရာအသံတွေ ကြားရ၊ သားလေး ထရာဗာကလည်း ညဘက် ထိတ်လန့်မှုတွေ ပြန်ဖြစ်၊ သမီးလေး အက်ရှ်လီကလည်း ကြောက်စရာပုံရိပ်တွေကို အိမ်နံရံတွေပေါ်မှာ ဆွဲလာပါတော့တယ်။
သူခုရေးနေတဲ့ စာအုပ် အောင်မြင်မှာဆိုပြီး ရမယ့်ဝင်ငွေကိုပဲ မြင်တော့တဲ့ အော့စ်ဝဒ်တစ်ယောက် ဖလင်ထဲက ဗီဒီယိုတွေကို လက်တော့ပ့်ထဲပြောင်းပြီး အသေးစိတ် ကြည့်ရှုလိုက်တဲ့ အခါမှာတော့…..
အရှုပ်ထုပ်ထဲ ဝင်မှန်းမသိ ဝင်ရောက်မိတဲ့ နာမည်ကျော်စာရေးဆရာတစ်ယောက် ပြန်လည်ရုန်းထွက်နိုင်ပါ့မလား…
ဘယ်လိုအရှုပ်ထုပ်မျိုးလဲဆိုတာ ဇာတ်လမ်း အဆုံးထိ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရင်း Happy New Year လိုက်ကြပါလို့……
(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆိုရေးသားထားပါတယ်)
Size – 1.8GB, 1GB
Quality – 1080p, 720p
IMDb Rating – 6.8/10
Format – mp4
Duration – 1H 50Min
Genre – Horror, Mystery, Thriller
Subtitle – Myanmar Subtitle (Hardsub)
Translated by Mugiwara Ya
Encoded by Y
watch movie Sinister (2012) burmese sub, Sinister (2012) မြန်မာစာတန်းထိုး, download Sinister (2012) mm sub