Saving the Titanic (2012)

· Updated On · Posted On
Saving the Titanic (2012)
7.0/1749 votes
Bookmark
Followed by 19 members

Saving the Titanic (2012)

==================

IMDb Rating – 7.3/10

၁၉ရာစုဦးလောက်မှာ သမိုင်းမှာ
အကြီးကျယ်ဆုံးသင်္ဘောတစ်စီး ပေါ်ပေါက်ခဲ့တယ်။
ဘယ်လိုမှ မနစ်မြုပ်နိုင်ဘူးဆိုပြီး ကြွေးကြော်ပြီး
ပထမဆုံးခရီးမှာတင် နစ်မြုပ်သွားခဲ့တယ်။
အားလုံးသိကြတဲ့အတိုင်း အဲ့ဒီသင်္ဘောဟာ
တိုက်တန်းနစ်ပါပဲ။

တိုက်တန်းနစ်ဘာလို့ မြုပ်သွားလဲဆိုတဲ့
ပါးစပ်ရာဇ၀င်တွေက အတော်ကို
ပေါများခဲ့ပါတယ်။ မဆီမဆိုင် ကျွန်တော်တို့
မြန်မာပြည်မှာတောင် အာနန္ဒာဘုရားကနေ
ခိုးသွားခဲ့ကြတဲ့ ကျိန်စာသင့်နေတဲ့ ဟုပ် ခေါ်
မနူဟာ စိန်ပြာကြီးကို သယ်သွားလို့
မြုပ်ရပါတယ်ဆိုပြီး ပါးစပ်ရာဇ၀င်‌တောင်
ရှိသေးပါတယ်။

‌နောက်တိုက်တန်းနစ်က ဘာလို့ တန်းမြုပ်မသွားဘဲ
တစ်နာရီခွဲကြာအောင် တဖြည်းဖြည်းချင်း
မြုပ်ခဲ့တာလဲ။ ဘာလို့ ထက်ပိုင်းကျိုးကျပြီး
မြုပ်ခဲ့တာလဲဆိုတဲ့ ပဟေဠိတွေလည်း ရှိပါတယ်။
တိုက်တန်းနစ်ဟာ စထွက်ကတည်းက
၀မ်းပေါက်နေတယ်ဆိုတဲ့ စကားတွေလည်း
ရှိပါတယ်။

ဒီရုပ်ရှင်ဟာ မိုင်းလုပ်သားသပိတ်ကြောင့်
‌ကျောက်မီးသွေးကောင်း ရှားတာလို
အသေးစိတ်အချက်ကလေးတွေနဲ့ပါ
ဆက်စပ်ပြီး တိုက်တန်းနစ်နစ်မြုပ်ရခြင်း
အကြောင်းရင်းကို သေချာပြထားတယ်။
နောက် လူသိနည်းခဲ့ကြတဲ့ တိုက်တန်းနစ်ရဲ့
ကုန်းပတ်အောက်က အင်ဂျင်ခန်းတွေထဲက
လူတွေရဲ့ တိုက်တန်းနစ် တန်းမမြုပ်ရလေအောင်
ကြိုးပမ်းအားထုတ်ခဲ့ကြမှုတွေကို သေချာ
ရှင်းပြထားတဲ့ ဒိုကူဒရာမာ အမျိုးအစားရုပ်ရှင်ပါပဲ။

Factsတွေကို Docu ဆန်ဆန် ချက်ကျလက်ကျ
ထည့်ထားပေမဲ့ ဇာတ်သွားက Docu ထက်
ဒရာမာ ရုပ်ရှင်တစ်ကားလိုဘက် ပိုသွားလို့
Factsတွေလည်းသိရပြီး
ပျင်းဖို့လည်းမကောင်းစေမယ့် ရုပ်ရှင်ပါပဲ။

(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။)

 

Quality – 1080p, 720p, 360p WebRip

Duration – 1hr 44min

Subtitle – Myanmar Hardsub

Format – Mp4

Genre : Drama, History

Source : 1080p.WebRip

Translator – WiRa Aung

Encoder – SWM

watch movie Saving the Titanic (2012) burmese sub, Saving the Titanic (2012) မြန်မာစာတန်းထိုး, download Saving the Titanic (2012) mm sub