Red Rocket (2021)

· Updated On · Posted On
Red Rocket (2021)
7.0/703 votes
Bookmark

Red Rocket (2021)

ဒီရုပ်ရှင်ကို A24က ရိုက်ကူးဖြန့်ချီခဲ့ပြီး 2021 July လ Cannes ရုပ်ရှင်ပွဲ​တော်မှာ စတင်ပြသခဲ့ပြီး
ယူအက်စ် ပြည်တွင်း သီးသန့်ရုံ​တွေမှာပဲ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်
Cannes, Deauvilleလို ရုပ်ရှင်ဆု​ပေးပွဲ​တွေမှာ ဆု​ပေါင်း များစွာရရှိထားပြီးဖြစ်သလို
Palme d’Orလို ဆု​​ပေးပွဲကြီး​ ​တွေမှာလည်း ဒါရိုက်တာဆု၊ဇာတ်လမ်းဆုနဲ့ ဇာတ်​ဆောင်ဆု
စသဖြင့် Nominationsများစွာ ရရှိထားပါတယ်၊
ဒါ့အပြင် National Board of Reviewရဲ့ တစ်နှစ်တာအ​ကောင်းဆုံး
ဇာတ်ကား ၁၀ကားစာရင်းမှာလည်း ပါဝင်​ထားပါတယ်၊

– IMDb အ​နေနဲ့ 7.6
– Rotten Tomatoes – 86%ရထားပြီး
​ရုပ်ရှင်​ဝေဖန်​​ရေးသမား​တွေလက်စွဲ Metacriticမှာ 75% အထိ rating အမြင့်စားကို ရရှိထားပါတယ်၊

ဇာတ်လမ်းအ​ကြောင်း​ ​ပြောရမယ်ဆိုရင် ဒီဇာတ်ကားက လူတိုင်းအတွက် မဟုတ်ပါဘူး၊
Hollywoodရဲ့ porn industryမှာ ဒိတ်ဒိတ်ကြဲ​အောင်မြင်ခဲ့ဖူးသူ၊
လက်ရှိမှာ ဘဝပျက်ပြီးရုန်းကန်​နေရတဲ့ Adult film starအ​ကြောင်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်၊
ဒါ​ကြောင့် မိသားစုနဲ့အတူကြည့်ဖို့ မသင့်​တော်တဲ့အခန်း​တွေ ပါဝင်သလို
တချို့​သောစကား​ပြော​ခန်း​တွေကလည်း ကြမ်းပါတယ်၊

Mikey David aka Mikey Saberဟာ တချိန်က​​တော့Hollywood adult film​လောကမှာ
ဇာတ်ကား​ပေါင်း ၂၀၀၀​ကျော်၊ အမြင့်ဆုံးဆု ၆ဆုပိုင်ရှင် Hall of Fame Nomination ၁၃ကြိမ်ဝင်ခဲ့ဖူးသူဖြစ်ခဲ့​ပေမဲ့
လက်ရှိမှာ​တော့ studio​တွေနဲ့ အဆင်မ​ပြေ​တော့တာတ​ကြောင်း၊ အသက်ရလာတာတ​ကြောင်း​ကြောင့်
သူ့ဇနီး​ဟောင်း porn model​ဟောင်း Lexiဆီပြန်လာရင်း ဘဝသစ်စဖို့ ကြိုးစားခဲ့ပါတယ်၊
ဒါ​ပေမဲ့ အပြာကားနဲ့ အပြာကားသရုပ်​ဆောင်​တွေဆိုတာက ကိုယ်တိုင်သာ ခိုးကြည့်ရင်ကြည့်မယ်၊
တကယ်လက်​တွေ့မှာ ကြုံရဆုံရရင်​တော့ အသက်​​မွေးဝမ်း​ကြောင်းတစ်ခုလိုမြင်ဖို့ရာ ခက်တဲ့အလုပ်ဆို​တော့
Mikey​လျှောက်သမျှ ဘယ်အလုပ်မှ သူ့ကိုမ​ရွေးချယ်ခဲ့ပါဘူး၊

သမ္မာအာဇီဝနဲ့ ကြိုးစားလို့မရ​တော့တဲ့အဆုံး အရင်ကလို weedရောင်းရင်း ​အချိန်ကုန်လာခဲ့ရာက​နေ
တစ်​​နေ့မှာ Raylee( Strawberry) ဆိုတဲ့ မြီး​ကောင်​ပေါက်အရွယ်
အသက်၁၈နှစ်ပြည့်ဖို့ ၃ပတ်အလို က​လေးမ​လေးနဲ့အ​တွေ့မှာ
Adult film industryကို က​လေးမ​​လေးနဲ့အတူ ပြန်ဝင်ဖို့ ကြိုးစားပါ​တော့တယ်၊
ဒါ​ပေမဲ့ သူရဲ့ရှုပ်​ထွေးလှတဲ့ မိသားစုပြဿနာ​တွေ၊
weed​သမား​တွေရဲ့ ပဋိပက္ခ​တွေ၊ က​လေးမအ​ပေါ် ထိမ်ချန်ထားခဲ့တဲ့ သူ့ဘဝမှန်အ​ကြောင်း​တွေက
တစ်စငင် တစ်စင်ပါ ​နောက်ကလိုက်လာတဲ့အခါမှာ ဘာ​တွေဆက်ဖြစ်သွားမလဲဆိုတာကို
Dark comedyဆန်ဆန် ခပ်ကြမ်းကြမ်းကြည့်ရှုရမယ့်
Rating ခပ်မြင့်မြင့် Drama ဇာတ်ကား​​ကောင်းပဲဖြစ်ပါတယ်

အညွှန်းကိုတော့ JimX က ရေးသားပေးထားပြီးတော့

ဘာသာပြန်ထားတာကတော့ JimX နဲ့ Thiha Yan Naing တို့ပဲ ဖြစ်ပါတယ်။

Genre…..Comdey,Drama
Quality….WEB-DL 1080p and 720p and 360p
File size…1.78GB and 1.05GB and 395MB
Format…mp4
Duration….2h 10min
Subtitle….Myanmar Subtitle (Hardsub)
Translator …..JimX and Thiha Yan Naing
Encoder ….. August

watch movie Red Rocket (2021) burmese sub, Red Rocket (2021) မြန်မာစာတန်းထိုး, download Red Rocket (2021) mm sub