Pihu (2016)
=========
IMDb 6.7 ရရှိထားပြီး မိဘတိုင်း မဖြစ်မနေကြည့်ရှုသင့်တဲ့ ပညာပေးကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ….
မိဘတိုင်းရဲ့ အဆိုးရွားဆုံး အိမ်မက်ကို ပုံဖော်ရိုက်ကူးထားပြီး ၂၀၁၈တုန်းက ထွက်ရှိခဲ့တဲ့ အိန္ဒိယရုပ်ရှင် “Pihu”
ဖြစ်ရပ်မှန်ပေါ် အခြေခံထားပြီး အသည်းတယားယား ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းဖြစ်ပါတယ်…
အဓိက ဇာတ်ဆောင်ကတော့ ၂နှစ်အရွယ် ကလေးငယ် Pihu ပါ ကလေးတွေရဲ့ ထုံးစံအတိုင်း စပ်စပ်ဆော့ဆော့နေရာက ဘေးအန္တရာယ်မျိုးစုံ ကျရောက်ရမယ့်အဖြစ်တွေ…
မိခင်ဖြစ်သူအဆုံးစီရင်သွားတာကို မသိ၊ သေဆုံးခြင်းကို နားမလည်သေးတဲ့ ကလေးငယ်လေး တိုက်ခန်းထဲမှာ သူတစ်ယောက်ထဲ ဘယ်လိုနေထိုင်နေမလဲ…
ဒီကားလေးမှာ မိဘဖြစ်သူတွေဟာ အိမ်အတွင်း ကလေးငယ်တွေ ဘေးအန္တရာယ်မကြုံရအောင် ဘယ်လိုတွေ ပြင်ဆင် ကာကွယ်သင့်တယ်ဆိုတာကို သင်ခန်းစာယူနိုင်မယ့်အပြင် မိဘ ၂ ဦးကြားက ပြဿနာတွေက အပြစ်မဲ့တဲ့ ကလေးငယ်တွေရဲ့ဘဝကို ထိခိုက်စေနိုင်တယ်ဆိုတာကိုလည်း သတိပြုရမှာဖြစ်ပါတယ်…
ကလေးငယ်လေးဟာ ဘေးအန္တရာယ်ကြီးကြီးမားမားကြုံတွေ့ရမလား၊ မိခင်ဖြစ်သူဟာ ဘာကြောင့် အဆုံးစီရင်ရတာလဲ၊ ကလေးငယ်လေးရဲ့စူးစမ်းဆင်ခြင်စိတ်တွေဟာ ဘယ်အတိုင်းအတာအထိ ရောက်နိုင်မလဲဆိုတာကိုတော့ ဇာတ်လမ်းကြည့်ရှုရင်း ခံစားသင်ခန်းစာယူကြပါ မျက်ရည်မခိုင်သူများလည်း tissue လေးကြိုဆောင်ထားဖို့ အကြံပေးပါရစေ…။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mugiwara Ya မှ တင်ဆက်ထားတာပါ။)
File size…(1.4 GB) / (700 MB)
Quality….WEB-DL 1080p / 720p
Format…mp4
Duration….01:29:48
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Mugiwara Ya
watch movie Pihu (2016) burmese sub, Pihu (2016) မြန်မာစာတန်းထိုး, download Pihu (2016) mm sub