Pariyerum Perumal (2018)

· Updated On · Posted On
Pariyerum Perumal (2018)
7.0/989 votes
Bookmark

Pariyerum Perumal(2019)

Tamil အချစ်ကားကောင်းကောင်းလေး စောင့်မျှော်နေတဲ့သူတွေအတွက်

IMdb Rating 8.8 နဲ့ Rotten Tomatoes မှာ

Audience Score 87% ရထားတဲ့

ဒီကားလေးကို တင်ဆက်ပေးလိုက်ပါတယ်

အိန္ဒိယနိုင်ငံရဲ့ အဓိကပြဿနာတွေထဲက တစ်ခုဖြစ်တဲ့

ဇာတ်နိမ့်ဇာတ်မြင့်ကွာခြားမှုကြားက ပေါ်ပေါက်လာတဲ့

လူငယ်နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းပါ

ပုံမှန်ကျွန်တော်တို့ကြည့်ဖူးနေကျ ဒီလိုအချစ်ဇာတ်လမ်းတွေနဲ့မတူတာ

ဘာလဲဆိုတော့ ဗြုန်းစားကြီး ဇာတ်တွေနာ ချစ်ကြိုက်ခွဲခွာ အဲ့လိုပုံစံမျိုးမဟုတ်ဘဲ

သူတို့နိုင်ငံမှာ အရမ်း Sensitive ဖြစ်တဲ့ ဒီလိုပြဿနာတစ်ခုကို

သိမ်သိမ်မွေ့မွေ့ချည်းကပ်ပြီး ရိုက်ပြသွားနိုင်တာပါ

Karnan ဇာတ်ကားကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ Mari Selvaraj ရဲ့

လက်ချိုးရေလို့ရတဲ့ ဇာတ်ကားတွေထဲက တစ်ကားပါပဲ

သူ့ဘဝဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ထားတယ်လို့လည်း သိရပါတယ်

ဇာတ်လမ်းအကျဉ်းချုပ်ပြောရရင်တော့ တောရွာက

ရိုးသားတဲ့ကောင်လေးတစ်ယောက်

ဥပဒေကောလိပ်သွားတက်ပြီး ကောင်မလေးတစ်ယောက်နဲ့

ချစ်မိသွားတဲ့ ဇာတ်လမ်းမျိုးပါ

သုံးထားတဲ့သီချင်းတွေလည်း တော်တော်ကောင်းပါတယ်

ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ တစ်ကားလုံးသာပြီးသွားတယ်

ချစ်တယ်ဆိုတဲ့စကားကိုတော့ တစ်ခွန်းမှပြောမသွားကြပါဘူး

ဂုဏ်သိက္ခာရှိတယ်ဆိုတဲ့ စကားလုံးရဲ့ တကယ့်အဓိပ္ပါယ်ကို

ဖော်ကျူးရိုက်ပြသွားတယ်လို့ ကျွန်တော်တော့ခံစားရတယ်

သို့ပေမဲ့လည်း လစ်ဟာချက်တွေလည်း အနည်းငယ် ရှိနေတာမလို့

၁၀၀ % ကောင်းတယ်လို့မှတ်ချက်ပြုလို့မရပေမဲ့

ဆုများစွာ ရရှိထားတဲ့ကားဆိုတော့ ကြည့်ရှုသင့်တဲ့ထဲပါတယ်လို့ အကြံပြုချင်ပါတယ်

(အညွန်းနဲ့ဘာသာပြန်ကတော့ Amelia ပါ)

 

File size…2.47GB / 1.69GB
Quality…1080p HEVC AAC 5.1Ch / 720p[
Format…mkv
Duration….2h 10mins
Subtitle….Myanmar Subtitle ( Hard Sub)
Encoder….YK
Translated by Amelia

watch movie Pariyerum Perumal (2018) burmese sub, Pariyerum Perumal (2018) မြန်မာစာတန်းထိုး, download Pariyerum Perumal (2018) mm sub