Once Upon a Time in the Northeast ( 2022 )

· Updated On · Posted On
Once Upon a Time in the Northeast ( 2022 )
8.4/1258 votes
Bookmark

❐ ဒီဇာတ်ကားလေးဟာဆိုရင် ၁၉၉၀ ခုနှစ်အတွင်း တရုတ်နိုင်ငံ
အရှေ့မြောက်ပိုင်း​မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဇာတ်လမ်းလေး​ကိုရေသားဖော်ပြထားတဲ့
Kong Ergou ရဲ့ “The Past in Northeast China” ဝတ္ထုကို
အခြေခံရိုက်ကူးထားသော ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်ရှင်

၁၉၉၀ ပြည့်နှစ်ဝန်းကျင် မိုးများသည်းထန်စွာ ရွာသွန်းနေချိန်…,
ကျောက်ဟုန်ပင်းဆိုသူဟာ ယန်တယုံဆိုတဲ့ လူတစ်ယောက်ကို
ကားနဲ့မတော်တဆတိုက်မိပြီး ထွက်ခွာလာခဲ့ပါတယ်
၂ နှစ်လောက်ကြာပြီးတဲ့နောက်မှာတော့ ကျောက်ဟုန်ပင်းဟာ
ဇာတိမြေဆီကိုပြန်လာခဲ့ပါတယ် တစ်ဖက်မှာလဲ ဖခင်က
ကားတိုက်ခံတဲ့ဒဏ်ရာကြောင့် ဒုက္ခတဖြစ်နေသည့်အတွက်
ယန်တယုံရဲ့တစ်ဦးသော သားဖြစ်သူ ၁၀ နှစ်သားအရွယ်ရှောင်လုံဟာ
သူတို့နယ်မြေရဲ့ လူမိုက်တစ်ယောက်ထံမှာ အလုပ်ဝင်လုပ်ရင်း
အခက်အခဲပေါင်းများစွာ/အနိုင်ကျင့်ခံမှုပေါင်းများစွာကိုခံစားရပါတော့တယ် ဒ
ါတွေအားလုံးကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ပြီး
သူ့ကိုယ်သူအပြစ်ရှိသလိုခံစားနေရတဲ့ ကျောက်ဟုန်ပင်းဟာ
အရာအားလုံးအရင်လိုပြန်ဖြစ်ရေး/ အေးချမ်းတဲ့နေ့ရက်တွေကို
ပြန်လည်ရရှိစေရေးအတွက် နောက်မဆုတ်တမ်း
ကြိုးစားခဲ့ရင်းကနေ ပြဿနာကြီးတစ်ခုဖြစ်ပွားလာခဲ့တဲ့အခါ….?

❐ ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုမျိုးရင်ဆိုင်မှုတွေနဲ့ ကြုံတွေ့ကြရမှာလဲ?

❐ လူတစ်ယောက်ဖြစ်လာရင် အသိစိတ်ရှိပြီး လိပ်ပြာလုံလုံနဲ့
နေနိုင်ရမယ်လို့ မှတ်ယူထားတဲ့ ကျောက်ဟုန်ပင်းတစ်ယောက်
အတိတ်ကဖြစ်ခဲ့တဲ့ အမှားတွေကိုပြန်လည်ပြင်ဆင်နိုင်ပါ့မလား…?
ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ရအောင်လားရှင်
ဒီဇာတ်ကားထဲမှာဆိုရင် ညီအစ်ကိုတွေကြားထဲက သံယောဇဥ်/
မိတ်ဆွေတွေရဲ့ သံယောဇဥ် အစရှိတဲ့ သံယောဇဥ်နက်ရှိုင်းပုံတွေကို
ဦးစားပေးဖော်ပြထားတာမို့ ကြည့်ရှုသူတွေအတွက်
ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းခံစားစေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်

watch movie Once Upon a Time in the Northeast ( 2022 ) burmese sub, Once Upon a Time in the Northeast ( 2022 ) မြန်မာစာတန်းထိုး, download Once Upon a Time in the Northeast ( 2022 ) mm sub

Gallery Once Upon a Time in the Northeast ( 2022 )

Comment

Leave a Reply

Your email address will not be published. Required fields are marked *