Night of the Animated Dead (2021)
=========================
ဒီနေ့ခေတ် Zombie apocalypseကားတွေအကြောင်း ပြောလိုက်ရင် Walking dead နဲ့သူရဲ့ Spin-off တစ်သိုက်၊
World War Z, Zombieland, Resident Evilsတို့ကို အရင်ဆုံးပြေးမြင်မိကြမှာပါ။
ဒါကတော့ Walking deadရဲ့ ဘိုးအေကြီးလို့ပြောရမယ့် Animationဆိုလည်း မမှားပါဘူး၊ 1968တုန်းက ထွက်ရှိခဲ့တဲ့
Director George A.Romeroရဲ့ Night of the Living Deadကို animated versionအဖြစ် 2021မှာ ပြန်လည်အသက်
သွင်းထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်၊
ဇာတ်လမ်းအကြောင်း အနည်းငယ်ပြောပြရရင် Johnnyနဲ့ Barbaraတို့ မောင်နှမဟာ Pennsylvaniaပြည်နယ်မှာရှိတဲ့
အဖေ့အုတ်ဂူကို လွမ်းသူပန်းခွေချဖို့ သွားရောက်ရင်း အမေရိကန်တစ်နိုင်ငံလုံး တစ်ချိန်တည်းနဲ့ Zombie Apocalypseကြီးထဲကို
ချက်ချင်းရောက်ရှိသွားတဲ့အခါ … နီးစပ်ရာယာတောအိမ်ထဲကို ဝင်ပုန်းရင်း ဒေသခံပြည်သူလေးယောက်နဲ့တူတူ အသားစား
zombieတွေရန်ကနေ လွတ်မြောက်အောင် ကြိုးစားရုန်းကန်ရပါတော့တယ်။
Zombieကားတွေရဲ့အနှစ်သာရဖြစ်တဲ့ သွေးသံရဲရဲတွေ၊ ရက်စက်ကြမ်းကြုတ်မှု၊ ရဲရင့်မှု၊ လူသားအချင်းချင်းစာနာမှု၊ တစ်ကိုယ်ဆန်
အတ္တကြီးမှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒီနေ့ခေတ် 3D animationတွေနဲ့ ရိုက်ကူးထားတာမဟုတ်ပဲ ခေတ်ဟောင်း 2D ကာတွန်းစတိုင်ကို အသုံးပြုရိုက်ကူးထားလို့
မတူညီတဲ့အရသာတစ်မျိုးခံစားရစေသလို၊ Zombie ဘိုးအေ animationရဲ့ ဇာတ်လမ်းဇာတ်ညွန်းတွေက ဒီနေ့အချိန်ထိ ခေတ်မီနေ
သေးတာကိုလည်း သေချာခံစားကြည့်ရင် သိရမှာပါ။
(ဒီဇာတ်လမ်းရဲ့ အညွှန်းကို JimX မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ JimX, Chit Tee တို့ပဲဖြစ်ပါတယ်။)
Quality – 1080p, 720p, 360p WebRip
Duration – 1h 11min
Subtitle – Myanmar Hardsub
Format – Mp4
Genre : Animation, Horror
Source : 1080p.WebRip
Translator – JimX, Chit Tee
Encoder – SWM
watch movie Night of the Animated Dead (2021) burmese sub, Night of the Animated Dead (2021) မြန်မာစာတန်းထိုး, download Night of the Animated Dead (2021) mm sub