ကျားကျင့်မင်းဆက်အုပ်စိုးစဉ်ကာလ ၃၇နှစ်မြောက်နှစ်အရောက်မှာ မိန်းမစိုးတွေဟာ အာဏာပေါ်လက်ဝါးကြီးအုပ်လာနိုင်ခဲ့ကြတယ်။
မိန်းမစိုးချုပ်တစ်ယောက်ဖြစ်တဲ့ ဖန်သယ်ကျုံးရဲ့မျက်နှာသာပေးမှုကို အလုအယက်ကြိုးပမ်းနေကြသူတွေထဲမှာမှ မှူးမက်များအပါအဝင် ၎င်းရဲ့မွေးစားသားဖြစ်သူ မိန်းမစိုးကျန်းဟွိင်လည်းအပါအဝင်ဖြစ်တယ်။
ဖန်သယ်ကျုံးတစ်ယောက် နန်းတတ်အုပ်စိုးချင်တဲ့အတွက်ကြောင့် ယန်စွမ်းအင်ကိုပြန်လည်ရရှိရန်ကြိုးပမ်းနေကြောင်း သိရှိပြီးနောက်မှာ သားဖြစ်သူဟာရှေးဟောင်းစာပေတွေထဲ ယန်စွမ်းအင်အရင်းအမြစ်ကိုရှာဖွေရင်း ကျားတွေကိုအဂ္ဂိရတ်နည်းပညာနဲ့ အပူပေးလောင်မြိုက်ပြီးရလာတဲ့ ကျားရွှေအမြူတေဟာဆိုရင် ယန်စွမ်းအားဖြည့်တင်ပေးနိုင်ကြောင်း သိရှိလာခဲ့ရာမှ ကျန်းဟွိင်ဟာဆိုရင် မိန်းမစိုးချုပ်ရဲ့အမိန့်အောက်နေပြီး အနောက်တောင်နယ်စပ်ကလျန်ချန်မြိုရဲ့ ကျားရိုင်းတောင်ကို အမဲလိုက်ကွင်းအနေနဲ့တည်ဆောက်ပြီး မြောက်များလှစွာသောကျားတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျားရွှေအမြူတေကိုလျှိဝှက်ဖော်ထုတ်နေခဲ့ကြတယ်။
မကောင်းမှုလုပ်သူနောက် ကံကြမ္မာဆိုးဟာဆိုရင် ထက်ကြပ်မကွာလိုက်လာမြဲပဲဆိုတဲ့အတိုင်း ယင်းလျှိဝှက်နေရာမှ ဖမ်းဆီးခံထားရတဲ့ကျားတစ်ကောင်ကလွှတ်မြောက်သွားပြီး ကံကြမ္မာဆိုးကအိမ်တံခါးကိုစတင်လာခေါက်တဲ့အခါမှတော့ ဘယ်လိုတွေကြုံတွေ့ရမယ်ဆိုတာကို ဇာတ်လမ်းကစိတ်ဝင်စားဖွယ်ဆွဲခေါ်သွားမှာပဲဖြစ်ပါတယ်။
Fansub: SoulKingdom
watch movie Mutant Tiger (2022) burmese sub, Mutant Tiger (2022) မြန်မာစာတန်းထိုး, download Mutant Tiger (2022) mm sub
Comment