Multiverse (2021)

· Updated On · Posted On
Multiverse (2021)
7.0/1275 votes
Bookmark
Followed by 1 members

Multiverse (2021)

Time traveller ဇာတ်ကား​တွေ၊ Multiverse theory​တွေဟာ
Back to the Future trilogyကစလို့ ဒီဘက်​ခေတ် Interstellar၊
ဂျာမန်စီးရီး Dark၊ Tenetတို့လို ကားမျိုး​တွေက​နေ လက်ရှိ
Box office ရဲ့ဆရာတစ်ပါးလို ဖြစ်​နေတဲ့ MCU franchise​
တွေအထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးများလာသလို ဒီtheory​ရဲ့
နက်ရှိုင်းမှုနဲ့ ဒါရိုက်တာအသီးသီးရဲ့ ပညာစွမ်း​​တွေကြောင့် Time
travelကား​ဟေ့၊ multiverseကား​ဟေ့လို့ဆိုတာနဲ့​ ပေါက်တာ
များသလို တကယ်လည်း ကြည့်​ကောင်းကြတာ များပါတယ်

ဒီဇာတ်ကားဟာလည်း Budgetနိုင်နိုင်သုံးတဲ့ Amazon Primeက
ရိုက်ကူးထားတဲ့ Sci-fic ,Dramaပဲဖြစ်ပါတယ်၊ ဇာတ်လမ်းနာမည်
အတိုင်းပဲ Multiverse​ themeပေါ်မှာ အ​ခြေခံရိုက်ကူးထားတာပါ

​Loretta, Amy, Dannyနဲ့ Jerryတို့ သူငယ်ချင်း​လေး​ယောက်က
ကိုယ်လက်ရှိ​နေတဲ့ စကြဝဠာနဲ့ ထပ်တူညီတဲ့စကြဝဠာ​တွေရှိတယ်လို့
တထစ်ချယုံကြည်ထားပြီး အဲဒီကမ္ဘာ​တွေကို ရှာဖို့ဆုံးဖြတ်ထားတဲ့
စိတ်တူကိုယ်တူသူငယ်ချင်း​​​တွေပါ၊

သူတို့ရဲ့သီအိုရီမှန်ကန်​ကြောင်း လမ်းစ​တွေ့တဲ့အချိန်မှာပဲ Loretta
တစ်​ယောက် မ​တော်တဆမှုတစ်ခု​ကြောင့် ​သေဆုံးပြီး​သူတို့ရဲ့
ရှာ​ဖွေမှုဟာလည်း တစ်ခန်းရပ်သွားခဲ့ပါတယ်၊ ဒါ​ပေမဲ့
အဲဒီမ​တော်တဆမှုအပြီး ၅လအကြာမှာ ​သေဆုံးသွားပြီလို့
ထင်ရတဲ့ Lorettaက သူငယ်ချင်း​တွေဆီ ပြန်​ရောက်လာတဲ့အခါ….

ဒီဇာတ်လမ်းက multiverse theoryထဲက ပုံစံအသစ်အဆန်း
တစ်မျိုးကို စိတ်ကူး​ယဉ်ဆန်ဆန်နဲ့ ရိုက်ကူးထားတာပါ၊
Multiverseလည်း ပါမယ်၊ အဲဒီမှာမှ Time travel theoryပါ
ထပ်​ပေါင်း​တော့ တော်​တော်မျက်စိလည်ပါမယ်၊ ကြည့်​နေရင်းနဲ့ကို
အ​ရှေ့ကို ပြန်​ကြည့်ရတာ​တွေများပါမယ်၊ Final Sceneဟာဆိုရင်
multiverse and time travel ဇာတ်ကားဆိုတာနဲ့လိုက်​အောင်
လုံးဝ mind-blowingပါပဲ၊

ဒီtheory​တွေကို စိတ်ဝင်စားတဲ့သူ၊ စဉ်းစားရင်း အ​တွေးနယ်ချဲ့ရတာ
သ​ဘောကျတဲ့သူ​ဆိုရင် ဒီရုပ်ရှင်ကို သ​ဘောကျမှာ ​သေချာပါတယ်

အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။

Genre….. Drama, Sci-Fi
Quality….WEB-DL 1080p and 720p
File size…1.4GB, 923MB and 464MB
Format…mp4
Duration….1h 30min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. JimX
Encoder ….. August

watch movie Multiverse (2021) burmese sub, Multiverse (2021) မြန်မာစာတန်းထိုး, download Multiverse (2021) mm sub