Mother/Android (2021)

· Updated On · Posted On
Mother/Android (2021)
7.0/925 votes
Bookmark
Followed by 1 members

ဘာတဲ့လဲ..။ စက်ရုပ်ပုန်ကန်မှုတဲ့ဗျား..။

Voice assistant တွေဖြစ်တဲ့ Siri သို့မဟုတ် Alexa ကို ခပ်ချောချော ခပ်တောင့်တောင့် အမျိုးသမီး ခန္ဓာကိုယ်မျိုးနဲ့ မြင်ယောင်ကြည့်စမ်းပါ..။

ကိုယ်နှစ်သက်ရာ လိင်အမျိုးအစား ၊ နှစ်သက်ရာ ပုံပန်းသဏ္ဌာန်နဲ့ ရေပူရေချမ်းကမ်းမယ့် စက်ရုပ်အိမ်တော်ထိန်းတွေကို အိမ်တိုင်းစေ့ဝယ်ထားနိုင်တဲ့အထိ နည်းပညာထွန်းကားလာတဲ့ခေတ်ကြီးထဲမှာ..။

ဒီစက်ရုပ်တွေဟာ ပျော်ပျော်ရွှင်ရွှင်ကြီး အစေခံလုပ်နေရာကနေ OS system အသစ်ထွက်ရှိလာမယ့် တစ်ညမှာ စိတ်ရူးပေါက်ပြီး တော်လှန်ပုန်ကန်မှုကြီး ထလုပ်ချတဲ့အခါ..။

လူသားမျိုးနွယ်ဟာ သူတို့ဖန်တီးထားတဲ့ နည်းပညာတွေကြောင့်ပဲ မျိုးသုဉ်းပျက်ဆီးကြရမယ့်ကိန်းဆိုက်နေတဲ့အခါမှာမှ မတော်တဆ ကိုယ်ဝန်ရသွားခဲ့တဲ့ ဂျော်ဂျီယာ..။

ဂျော်ဂျီယာရဲ့ ဇာတ်ကောင်နေရာမှာ Chloe Grace Moretz ကို ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအဖြစ် မြင်တွေ့ရမယ်ဗျာ..။

တစ်ကားလုံးမှာ အလင်းအမှောင် ကစားထားတဲ့အရောင်တွေ ၊ ပီပြင်တဲ့ SFX မိတ်ကပ်တွေနဲ့ ပုံဖော်ထားတဲ့ မနုဿစက်ရုပ်တွေနဲ့အတူ..။

ကမ္ဘာပျက်ကြီးထဲမှာတောင် မိခင်တစ်ယောက်ရဲ့ ကလေးအပေါ်ထားရှိတဲ့ မေတ္တာတွေနဲ့ ဖခင်တစ်ယောက်ရဲ့ အနစ်နာခံမှုတွေကို ဒီဇာတ်လမ်းထဲမှာ ကြည့်ရှုနိုင်တော့မှာပါ..။

မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့ ပုံဖော်ထားတဲ့ ဒီဇာတ်ကားဟာ အက်ရှင်ကြိုက်တဲ့သူတွေလည်း စိတ်ကျေနပ်ရပြီးတော့ ခံစားရတာကြိုက်တဲ့သူတွေကိုလည်း ငိုရစေမှာပါ..။

*(မနုဿစက်ရုပ်တစ်ကောင်ဟာ စွန့်လွှတ်ခံနိုင်တယ်..။

ချစ်ခြင်းတရားကပဲ ငါတို့အားလုံးကို သတ်ပစ်လိမ့်မှာ..။ ) * – အာသာ

ကမ္ဘာပျက်ကိန်းဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတွေကို စာရင်းစီလိုက်တဲ့အခါ…။

လေ့လာဆန်းစစ်မှုအချက်အလက်တွေအရ နည်းပညာထွန်းကားလာမှုနဲ့ စက်ရုပ်တွေကြောင့် လူသားမျိုးနွယ်များ မျိုးသုဉ်းသွားနိုင်ခြေဟာ အဆင့် ၆ နေရာမှာ ရှိနေပါတယ်..။

ဒီတော့ လိုရမယ်ရပဲဖြစ်ဖြစ် ဒီကားကို ကြည့်ထားပေါ့..။ ဘာပဲဖြစ်ဖြစ် ဒီလိုကမ္ဘာပျက်ကိန်းမျိုးကတော့ ကိုယ့်နိုင်ငံကနေ စပြီး ဖြစ်မယ်တော့ မထင်ပါဘူးဗျာ..။

(သာသာပြန်နဲ့ အညွှန်းရေးသားသူကတော့ ရှင်းမာန်ထက်မြက်ပါ)

 

File size…(1.8 GB) / (1 Gb) / (500 Mb)
Quality….Webrip 1080p / 720p / 480p
Format…mp4
Duration….01:50:00
Genre…Drama, Sci-fi, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Shin Man Htet Myat

watch movie Mother/Android (2021) burmese sub, Mother/Android (2021) မြန်မာစာတန်းထိုး, download Mother/Android (2021) mm sub