IMDb Rating(7.1)
ရည်းစား စဖြစ်ကြရင် တစ်ယောက်ကိုတစ်ယောက် အရမ်း ဂရုစိုက်ပြကြ ချစ်ပြကြ ရိုကြတာ သဘာ၀ပါပဲ
Honeymoon period ပေါ့
အချိန်ကြာတွဲလာရင်း အိမ်ထောင်သည်ဘဝ ကူးပြောင်းတဲ့ အခါ ဆက်လက်ရိုနိုင် ချစ်ပြနိုင်ကြသူတွေ ဘယ်လောက်ရှိမလဲ
တချို့ဆို ရည်းစားဘဝမှာတင် မချစ်ပြတတ်ကြပါဘူးလေနော့
အိမ်ထောင်သက်ကြာလာလေလေ မိသားစုအရေး စီးပွားရေး လူမှုရေးကိစ္စတွေကြားမှာ မချစ်တော့တာမဟုတ်ပေမယ့် မချစ်ပြတတ်ကြတော့ပါဘူး
CM ပရိသတ်ကြီးတို့ကော “အိမ်ထောင်သည်ဘဝကနေ ဘာတွေများမျှော်လင့်ထားကြပါသလဲ”
ပျော်ရွှင်သောအိမ်ထောင်ရေးဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိချင်ရင်တော့ ဒီကားလေးကို ကြည့်သင့်ပါတယ်။
အိန္ဒိယတွေရဲ့ ထုံးစံအတိုင်း သားယောကျာ်းလေးကို မိန်းမပေးစားတဲ့ဇာတ်လမ်းလေးတစ်ခုပါပဲ။ သတို့သမီးလောင်း အယောက် ၂၀နဲ့လိုက်တွေ့ရမယ့် ဟာရှာ…
ပထမသတို့သမီးလောင်းကတော့ သူ့အလိုကျ လိုက်လျောညီထွေနေပေးတတ်လွန်းတဲ့ မိန်းကလေး…
မိဘတွေက တခြားသတို့သမီးလောင်းတွေ အားလုံးတွေ့ပြီးမှ ရွေးစေချင်တာပေါ့… အဲဒီမှာပဲ ဇာတာခွင်မကိုက်လို့ဆိုပြီး ဓါတ်ပုံလေးရယ် ဇာတာခွင်ရယ်ကို သတို့သမီးလောင်း နောက်တစ်ယောက်ရဲ့အဖေဖြစ်သူဆီကို သွားပေးရင်း ဓါတ်ပုံပျောက်သွားတဲ့ အခါ ဗီဘာဆိုတဲ့ မိန်းကလေးနဲ့ ဆုံဖို့ကံပါလာတော့တယ်…
ထိုမိန်းကလေးနဲ့တွေ့ပြီးနောက် ဟာရှာတစ်ယောက် သူ့ရဲ့ ဘဝလက်တွဲဖော်ဆီက ဘာကိုလိုချင်ရမှန်း မသိအောင် စိတ်ရှုပ်သွားပါတော့တယ် သူ့အတွေးအမြင်တွေအကုန်လုံး ပြောင်းလဲကုန်ပါတယ်။ ကောင်မလေးနဲ့ စကားပြောရတာတွေ၊ အတူသွား အတူလာတဲ့အချိန်တွေမှာ သူပျော်ရွှင်နေခဲ့တယ်။ သတို့သမီးလောင်းတွေ လိုက်တွေ့နေပေမယ့်လည်း စိတ်မပါတော့တဲ့ ဟာရှာ တစ်ယောက် ဖြစ်ပေါ်လာတဲ့ အထင်လွဲပြဿနာတွေကို ဖြေရှင်းပြီး ချစ်တဲ့သူနဲ့ပဲ မင်္ဂလာဆောင်မှာလား၊ လူပျိုကြီးပဲလုပ်သွားမလား၊ မိဘပေးစားတဲ့သူနဲ့ပဲ ညားမလားဆိုတာကိုတော့ ဇာတ်ကားလေးမှာပဲ ကြည့်ရှုကြဖို့ ညွှန်းဆိုပါရစေ…။
File size…(2.6 GB) / (1.5 GB)
Quality….WEB-DL HEVC 1080p / 720p
Format…mkv/mp4
Duration….02:24:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Mugiwara Ya & Nadi Myint Naing
watch movie Most Eligible Bachelor (2021) burmese sub, Most Eligible Bachelor (2021) မြန်မာစာတန်းထိုး, download Most Eligible Bachelor (2021) mm sub