Minnal Murali (2021)
Superhero movie genreမှာ Marvelနဲ့ DCပဲ လွှမ်းမိုးနေတဲ့နောက်
ဒီတစ်ခါမှာတော့ Netflix က အသစ်ထွက်တဲ့ India superhero movieတစ်ကားကို
အရသာတစ်မျိုး အပြောင်းအလဲဖြစ်သွားအောင် တင်ဆက်ပေးလိုက်ပါတယ်၊
Kurukhanmoola ရွာသား Jaison ဟာ
ငယ်စဉ်ကတည်းက မိတဆိုးဖြစ်ခဲ့ပြီး ဖခင်အပေါ်အရမ်းခင်တွယ်ခဲ့ရသူပါ၊
ဒါပေမဲ့ ဖခင်ဖြစ်သူ ပြဇာတ်မင်းသားဟာ မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားတဲ့နောက်
ကံဆိုးသူမောင်ရှင်လေး Jaisonအနေနဲ့ အရွယ်ရောက်တဲ့အထိ ကံဆိုးမှုတွေက အဆုံးမသတ်ခဲ့သူပါ၊
အမေရိကန်သွားပြီး ချမ်းသာအောင်လုပ်ချင်တဲ့ အိပ်မက်ကလည်း မအောင်မြင်သလို
ချစ်ရတဲ့သူကလည်း စေ့စပ်ထားပြီးသားသူ ဖြစ်နေမှန်း မတော်လိုက်ရတဲ့ ယောက္ခမကပြောမှ သိရတဲ့သူပါ၊
မောင်ရှင်တောင် Jaisonလောက်ကံမဆိုးနိုင်ဘူးလို့ ဆိုရအောင်ပဲ
ဇာတ်လိုက်ကျော်ကြီးခမျာ မိုးကြိုးပါ ထပ်အပစ်ခံရပါသေးတယ်၊
ဒါပေမဲ့ သန်းခေါင်ထက် ညမနက်တော့သလို သူရဲ့ကံဆိုးမှုတွေက ကြေသွားပုံရပါတယ်၊
သူ့ကိုထိမှန်တဲ့မိုးကြိုးက သာမန်မဟုတ်ဘဲ ဂြိုလ်၃လုံးတန်းပြီး ဖြစ်လာတဲ့မိုးကြိုးဖြစ်နေလို့
သာမန်လူတွေမှာ မရှိတဲ့ Superhuman အစွမ်းတွေကို Jaison ပိုင်ဆိုင်ခဲ့ပါတယ်၊
ဒါပေမဲ့ မိုးကြိုးထိမှန်ခဲ့သူက သူတစ်ယောက်တည်းမဟုတ်ဘဲ ထပ်ရှိနေသေးသလို
အဲဒီလူက ရထားတဲ့အစွမ်းတွေကို မကောင်းတဲ့ အဖျက်လုပ်ငန်းတွေမှာ သုံးလာတဲ့အခါ
Jaisonအနေနဲ့ သူ့ဖခင် ကခဲ့တဲ့ ပြဇာတ်ထဲက
Minnal Murali (Lightning Murali) ဆိုတဲ့ ဇာတ်ကောင်အမည်ကို ခံယူပြီး
သူ့ရဲ့အစွမ်းတွေနဲ့ ရပ်ရွာကို ကာကွယ်ဖို့ ကြိုးစားပုံတွေကို
အချစ်၊ အလွမ်း၊ ဟာသ၊ အက်ရှင်ရသစုံခံစားရင်း ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်၊
အနောက်တိုင်း Superheroဇာတ်ကားတွေနဲ့ မတူတဲ့
အရှေ့တိုင်းSuperheroအသစ်လေးကို တမျိုးမြည်းစမ်းကြည့်ပါဦး
အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာက Pyi Ti Nyein နဲ့ JimX တို့ပဲ ဖြစ်ပါတယ်
Genre…..Action, Adventur, Comedy
Quality….WEB-DL 1080p and 720p and 360p
File size…2.2GB and 1.3GB and 309MB
Format…mp4
Duration….2h 38min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. Pyi Ti Nyein and JimX
Encoder ….. August
watch movie Minnal Murali (2021) burmese sub, Minnal Murali (2021) မြန်မာစာတန်းထိုး, download Minnal Murali (2021) mm sub