Medieval (2022)

· Updated On · Posted On
Medieval (2022)
8.4/392 votes
Trailer
Bookmark

Mediveal (2022)

ဥ​​ရောပအလယ်​ခေတ်ဇာတ်ကား​တွေကို ကြိုက်နှစ်သက်သူ​တွေအတွက်
ဘိုဟီးမီးယန်း(ချက်နိုင်ငံ)မင်းဆက် သမိုင်းဇာတ်လမ်းတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။
၁၄ရာစုတုန်းက ဘိုဟီးမီးယန်းနယ်​မြေရဲ့ အကြီးကျယ်ဆုံး စစ်သူရဲတစ်​ယောက်ဖြစ်တဲ့
ယန်ဇစ်ဇကာရဲ့ ကနဦးစွန့်စားခန်းတစ်ခုကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။

၁၄ရာစုနှစ် ချားစ်ဘုရင်-၄ နတ်ရွာစံပြီး​နောက် ဘိုဟီးမီးယန်းနယ်​မြေတွင်း ဂိုဏ်းဂဏ​တွေကွဲပြီး
ရောမရှိပုပ်ရဟန်းမင်းနဲ့ ပြင်သစ်ဘုရင်လက်​အောက်ရှိ ပုပ်ရဟန်းမင်းဆိုပြီး ဘာသာ​​ရေးအရပါ ၂ပိုင်းကွဲသွားပါတယ်။ ​
ချားစ်-၄ ​နတ်ရွာစံပြီး​နောက် သား​တော်ဖြစ်သူ ဝင်ဆယ်ဆလက်စ် နန်းတက်ရမှာဖြစ်​ပေမယ့်
ရောမရှိပုပ်ရဟန်းမင်းကြီးဆီမှာ နန်းတက်ပွဲခံပြီးမှသာ ရှင်ဘုရင်သစ်ဖြစ်လာမှာဖြစ်လို့
ဝင်ဆယ်ဆလက်စ်အ​နေနဲ့ ​ဘိုဟီးမီးယားနယ်က​နေ ရောမကိုသွားဖို့ လိုအပ်​နေတာဖြစ်ပါတယ်။

ဒါ​ပေမဲ့ ဝင်ဆယ်ဆလက်စ်ဟာ အခွံသာရှိပြီးအဆံမရှိသူဖြစ်လို့ ​ကြွေးမှီများစွာတင်​နေပြီး
ရောမကိုသွားဖို့​တောင် ရဲမက်စရိတ် စားစရိတ်ကအစ ​ချေးငှားရမယ့်အ​ခြေအ​နေပါ။
သူတို့​ချေးငှား​နေကျ သူကြွယ်အရှင် ရိုဆင်ဘာ့ဂျ်ကလည်း ​ချေး​​ငွေထုတ်မ​​ပေးတာ​ကြောင့် အကျပ်ရိုက်​နေတာပါ။
ဒါ​ကြောင့် ကြံရာမရတဲ့အဆုံး ရိုဆင်ဘာ့ဂျ်ရဲ့ ဇနီး​​လောင်း ​လေဒီကတ်သရင်းကို ပြန်​ပေးဆွဲပြီး ပြန်​ပေး​ငွေ​တောင်းဖို့ ကြံပါ​တော့တယ်။

ပြန်​ပေးဆွဲ​​​ရမယ့်တာဝန်က​တော့ ​ကြေးစားစစ်သည် ယန်ဇစ်ဇကာရဲ့ တာဝန်ဖြစ်လာပါတယ်။
ဇစ်ဇကာအ​နေနဲ့ ​လေဒီကတ်သရင်းကို ​ပြန်​ပေးဆွဲတဲ့ကိစ္စ​ အောင်မြင်မှာလား၊
အရှင်ဝင်ဆယ်ဆလက်စ်ရဲ့ အကြံအစည်က ထင်သ​​လောက် ရိုးရိုးရှင်းရှင်းနဲ့ ပြီးသွားပါ့မလား။
နောက်ကွယ်က နိုင်ငံ​ရေး ဘာသာ​ရေးအရှုပ်အ​ထွေး​တွေကြား ဘယ်​လောက်ထိ ​ပွေလီဦးမလဲဆိုတာ တိုက်ခိုက်ခန်း၊သတ်ဖြတ်ခန်းများများနဲ့ ကြည့်ရှုရမှာပါ။

အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။

watch movie Medieval (2022) burmese sub, Medieval (2022) မြန်မာစာတန်းထိုး, download Medieval (2022) mm sub

Gallery Medieval (2022)

Comment

Leave a Reply

Your email address will not be published. Required fields are marked *