Lyle, Lyle, Crocodile (2022)

· Updated On · Posted On
Lyle, Lyle, Crocodile (2022)
8.3/3272 votes
Trailer
Bookmark

Lyle, Lyle, Crocodile (2022)

====================

IMDb Rating – 6.2/10

Shwan Mendesအသံသရုပ်​ဆောင်အဖြစ်ပါဝင်ထားတဲ့ musical
comedyအသစ် Lyle,Lyle,Crocodile ဆိုတဲ့ ကားသစ်​လေး ထွက်
လာပါပြီ။ RT – 73%, metacritic – 51%အထိရထားပြီး musical
ဖြစ်တာနဲ့ Shawn Mendesက မိ​ကျောင်း​လေးလိုင်းအဖြစ် သီချင်း
​ဆိုပြဦးမှာပါ။

​မျက်လှည့်ဆရာ ဟက်တာ ပီ ဗဲလန်တီဟာ မ​အောင်မြင်တဲ့ပြကွက်
​တွေ​နဲ့ နာမည်ပျက်နေတဲ့ မျက်လှည့်ဆရာဖြစ်ပြီး ဘဝတစ်ဆစ်ချိုး
​ပြောင်းလဲ​စေမယ့် ပြကွက်ကိုရှာ​ဖွေဖို့ ကြိုးစား​နေသူ​ပါ။ တစ်​နေ့မှာ
တိရစ္ဆာန်အ​​ရောင်းဆိုင်တစ်ခုမှာ သူရှာ​​ဖွေ​နေတဲ့ ပြကွက်တစ်ခုကို
​တွေ့သွားပါတယ်။အဲဒါက​တော့ သီချင်းဆိုတတ်တဲ့ မိ​ကျောင်း​​လေး
တစ်​​ကောင်ပါ။ သူ့နာမည်ကို လိုင်းလို့ပေးလိုက်ပြီး ၂​ယောက်တူတူ
သီချင်းတိုက်ကာ​ ​အောင်မြင်တဲ့ပြကွက်တစ်ခုကို ဖန်တီးနိုင်မယ်လို့
ယုံကြည်ခဲ့​ပေမယ့် ပွဲ​နေ့ကျမှ လိုင်းဆီက ​သီချင်းသံထွက်မလာလို့
ပိုနာမည်ပျက်သွားသလို ဗဲလန်တီလည်း လိုင်းကိုသူ့အိမ်ထပ်ခိုးမှာ
စွန့်ပစ်သွားခဲ့ပါတယ်။

ဒီလိုနဲ့အချိန်​တွေကြာတော့ ထိုအိမ်ကို ပိုင်ရှင်​သစ်​တွေ​ရောက်လာပြီး
လိုင်းကို​တွေ့သွားသလို သူတို့ကြား​ ဗရုတ်သုက်ခ​​မျိုးစုံ ဖြစ်တဲ့အပြင်
ပိုင်ရှင်​ဟောင်း ဗဲလန်တီကပါ လိုင်းကိုပြန်လာရှာတဲ့အခါ အိမ်ပိုင်ရှင်
အသစ်နဲ့အ​ဟောင်းကြား အဆင်​ပြေပါ့မလား၊လိုင်းက​​ရော ဘယ်လို
ပြဿနာ​တွေ ရှာဦးမလဲ။ လိုင်းရဲ့ အဆိုပါရမီကို ဗဲလန်တီနဲ့ အိမ်ရှင်
အသစ်​တွေ ဘယ်လို​ဖော်ထုတ်​ပေးပြီး ​အောင်မြင်မှုကို ဘယ်လိုမျိုး
ရှာ​ဖွေသွားမလဲဆိုတာ မိသားစုနဲ့အတူ ​ပေါ့​ပေါ့ပါးပါး ကြည့်နိုင်မယ့်
Family comedy, musicalကား​လေးပါ။

(ဒီဇာတ်လမ်းရဲ့အညွှန်းကို JimXမှ ရေးသားပေးပြီး၊
ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်)

watch movie Lyle, Lyle, Crocodile (2022) burmese sub, Lyle, Lyle, Crocodile (2022) မြန်မာစာတန်းထိုး, download Lyle, Lyle, Crocodile (2022) mm sub

Gallery Lyle, Lyle, Crocodile (2022)

Comment

Leave a Reply

Your email address will not be published. Required fields are marked *