ဒီကားလေးကတော့ အရင်ခေတ်က နာမည်ကြီးခဲ့တဲ့ပိုလန်လူဆိုးဂိုဏ်းခေါင်းဆောင်ကြီး Niko Skotarczak ရဲဘ၀ဇာတ်ကြောင်းကိုမှီငြမ်းပြီး ရိုက်ပြထားတာပါ။သူကပိုလန်နိုင်ငံမှာ ကွန်မြူနစ်ခေတ်က အရှေ့ဂျာမဏီနဲ့မှောင်ခိုကူးပြီးတော့အရမ်းချမ်းသာလာတာပါ။သူ့ကိုပိုလန်ရဲ့ Pablo Escobar လို့တောင်ခေါ်ကြပြီး သူလည်း Escobar လိုပဲသူ့မြို့ကဆင်းရဲသားတွေအတွက် တော့လူကြိုက်များပြီး ဘောလုံးအသင်းတစ်သင်းကိုလည်းငွေကုန်ခံပြီး၀ယ်ခဲ့ပါသေးတယ်။နီကိုရဲ့လူနေမှုစရိုက်ကတော့အဲဒီခေတ်မှာ ထူးဆန်းပြီးတော်တော်လူပြောများခဲ့ပါတယ်။
ဒီကားမှာတော့နီကိုရဲ့ ကလေးဘ၀ကနေစပြီး လူမိုက်ဖြစ်လာပုံ၊ဒုစရိုက်လုပ်ငန်းတွေနဲ့ကြီးပွားလာပုံ၊ပိုလန်ရဲ့နာမည်အကြီးဆုံးဂိုဏ်းစတားဖြစ်လာပုံနဲ့နောက်ပိုင်းမူးယစ်ဆေးဝါးတွေနဲ့ပတ်သက်လာပြီးကျဆုံးသွားပုံတွေကို ရိုက်ပြထားပါတယ်။နီကိုရဲ့ဘ၀တလျှောက် များပြားလှတဲ့ချစ်သူအမျိုးသမီးတွေ၊သူ့မိသားစု၀င်အကြောင်းတွေ၊ဒုစရိုက်လောကရဲ့ လှည့်ဖျားမှုတွေ၊သစ္စာဖောက်မှုတွေ ရက်စက်တာတွေပါကြည့်ရှူရမှာပါ။
ပိုလန်ဘာသာစကားပြောကားလေးဖြစ်ပြီး
တင်ဆက်ပုံက Goodfellas ကားတို့လိုပုံစံဖြစ်ပြီးတမူထူးခြားပါတယ်။ဒါရိုက်တာ Maceij Kawulskiကရိုက်ကူးထားပြီး Tomasz Wlosok,Antoni Krolikowski, Agnieszka Grochowska, Magdalena Lamparska တို့ပါ၀င်ထားပါတယ်။
File size…(3 GB)/(1.7 GB)/(650 Mb)
Quality….Webrip 1080p / 720p / 480p
Format…mp4
Duration….03:05:00
Genre…Drama, Crime
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by SP
watch movie How I Fell in Love with a Gangster (2022) burmese sub, How I Fell in Love with a Gangster (2022) မြန်မာစာတန်းထိုး, download How I Fell in Love with a Gangster (2022) mm sub