Eiffel (2021)

· Updated On · Posted On
Eiffel (2021)
7.0/133 votes
Bookmark

ပြင်သစ်သမိုင်းဖြစ်ရပ်မှန် ဒရာမ အသစ်လေး ကြည့်လိုက်ရအောင်။ ဇာတ်ကားနာမည်ကိုတွေ့တာနဲ့ သိသာနေပါပြီ။ အိုက်ဖယ်မျှော်စင် (အီဖယ်မျှော်စင်)ကို တည်ဆောက်ခဲ့တဲ့ အင်ဂျင်နီယာ ဂုစတက် အိုက်ဖယ်ရဲ့ အကြောင်းပါပဲ။ အိုက်ဖယ်မျှော်စင်ကို ၁၈၈၇ ခုနှစ် ဇန်နဝါရီလမှာ စတင်တည်ဆောက်ခဲ့ပြီး ၂ နှစ် ၂ လ နဲ့ ၅ ရက်အကြာ ၁၈၈၉ မတ်လမှာ ပြီးစီးခဲ့ပါတယ်။ မီတာ ၃၀၀ အထိ မြင့်ပြီးတော့ သံတွေနဲ့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီလောက်ကမ္ဘာကျော် ဧရာမအဆောက်အဦအမြင့်ကြီးကို ဆောက်တဲ့နေရာမှာ ထူးခြားစွာပဲ သေဆုံးခဲ့သူ ကြီးကြီးမားမားထိခိုက်ခဲ့သူမရှိခဲ့ပါဘူး။ ဒါဟာလည်း အလုပ်သမားတွေနဲ့ ခေါင်းဆောင်တွေရဲ့ အရည်အချင်းတစ်ရပ်ပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ မျှော်စင်ကြီးစတည်ဆောက်ဖို့အကြောင်းဖန်လာပုံတွေ၊ ကြိုးစားခဲ့တာတွေ အခက်အခဲတွေကို ရိုးမန့်စ်ဒရာမာလေးတွေနဲ့ရောပြီး ပြသထားပါတယ်။  ရုပ်ရှင်ကောင်းတစ်ခုပဲမို့ တင်ပေးလိုက်ပါတယ်။

 

File size…(1.49GB)/(662MB)/(425.5 MB)
Quality….Webrip 1080p / 720p / 480p
Format…mp4
Duration….02:01:00
Genre…Drama, Biography, History
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Mr. Anderson

watch movie Eiffel (2021) burmese sub, Eiffel (2021) မြန်မာစာတန်းထိုး, download Eiffel (2021) mm sub