တကယ်လည်း ကြမ်း၊ သည်းထိပ်ရင်ဖိုစရာလည်း ကောင်း၊
ရုံတင်တုန်းကလဲ အတော်လေးရေပန်းစား ပေါက်ခဲ့ပြီး
ရုံတင်ရက်၂၅ရက်အကြာမှာ အိန္ဒိယရူပီ ၁၀၀Crsထိ
ရထားတဲ့ နာနီရဲ့ ဒီရုပ်ရှင်ကားကတော့
ရုပ်တည်ကြီးနဲ့ တကယ်ခွီရတဲ့ Tamil Action – Comedy
ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
MDb rating 8.5ရတာနဲ့တန်အောင် တကယ်ကြည့်ပျော်ပြီး
ဇာတ်အစအဆုံး အချိန်၂နာရီခွဲကုန်မှန်းမသိ ကုန်စေမယ့်ကားလို့
ညွှန်းဆိုပါရစေ
အညွှန်း
********
စစ်တပ်ဆရာဝန်တစ်ဦးဖြစ်တဲ့ ဗာရွန်ဟာ ဘုကလန့်လည်းကျ၊
စကားကို တည့်တိုးပဲပြောတတ်ပြီး စိတ်ပိုင်းဆိုင်ရာထက်
လက်တွေ့ပိုင်းကို ပိုဦးစားပေးလို့ Emotional Dead manရယ်လို့
အမည်ပေးခံရသူရယ်ပါ
ဒီလူဂွစာကြီးဟာ လူတကာကိုဘုတောပေမဲ့ ဇနီးလောင်းကိုတော့
သည်းသည်းလှုပ် ချစ်ရှာပါတယ်၊ သူချစ်ရတာနဲ့ တန်အောင်ကို
သူ့ရဲ့ဇတ်ဇတ်ကြဲဇနီးလောင်းလေး ပတ်မီနီကလည်း တင်တောင်းတဲ့
နေ့မှာတင် ငြင်းလွှတ်လိုက်ပါတယ်
ဗာရွန်ခမျာ ရည်းစားငြင်းခံရလို့မှ မပြီးသေးခင် ခယ်မလောင်းလျာ
ပြန်ပေးဆွဲခံရတဲ့ကိစ္စကြောင့် မတော်လိုက်ရတဲ့ ဇနီးသည်မိသားစုနဲ့
အတူ ပြန်ပေးဆွဲသူတွေကို လိုက်လံရှာဖွေရင်း လူကုန်ကူးနဲ့
ကိုယ်အင်္ဂါရောင်းဝယ်ရေး ကွန်ယက်ကြီးထဲ ပတ်သတ်မိသွားတဲ့အခါ
ဘုကလန့်ဗာရွန်နဲ့ ဇတ်ဇတ်ကြဲ ပတ်မီနီတို့နှစ်ယောက် ဘယ်လို
အလွဲတွေဖြစ်ကြမလဲ၊ ညီမဖြစ်သူကိုရော ပြန်ရှာတွေ့ပါမလား၊
သူတို့ရင်ဆိုင်နေရတဲ့ ဂိုဏ်းတွေက ဘယ်လောက်တောင်များလဲ
ဆိုတာကို အတည်ပေါက်နဲ့ ရယ်လည်းရယ်ရ၊ စိတ်လှုပ်ရှားဖို့လည်း
ကောင်းအောင် ရိုက်ကူးတင်ဆက်ပေးထားတဲ့
Tamilကားကောင်း တစ်ကားပဲဖြစ်ပါတယ်
File size…1.34GB / 2.4GB
Quality… 720p WEB DL / 1080p HEVC AAC 5.1
Format…Mp4
Duration….2h 28min
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by JimX & Lai Laii
watch movie Doctor(2021) burmese sub, Doctor(2021) မြန်မာစာတန်းထိုး, download Doctor(2021) mm sub