Death Becomes Her (1992)

· Updated On · Posted On
Death Becomes Her (1992)
7.0/583 votes
Bookmark

Death Becomes Her (1992)

ဒီဇာတ်ကားဟာ 1993ခုနှစ်တုန်းက best visual effects အော်စကာဆုရခဲ့တဲ့ ဇာတ်ကားပါ။ ဟောလိဝုဒ်ရဲ့ ဒိတ်ဒိတ်ကြဲ

သုံးယောက်ဖြစ်တဲ့ Meryl Streep ၊Goldie Hawn နဲ့ Bruce Willis တို့ အဓိကပါဝင်ထားကြတဲ့ dark comedy ,

horror, fantasy အမျိုးအစား ရုပ်ရှင်ပါ။ ဇာတ်ကားဟောင်းဖြစ်ပေမယ့် တကယ်ကို ကြည့်ဖို့ ညွှန်းပါတယ်။

ဒီဇာတ်ကားရဲ့ visual effectsတွေ မိတ်ကပ်ပညာတွေဟာ တကယ်ကို သေသပ်ပါတယ်၊ ဒါတောင်

1992ခုနှစ်က ကားပါ။ ဇာတ်လမ်းကလဲ တော်တော်လေးသွက်ပြီး ဟာသတွေကလဲ ပြောင်မြောက်ပါတယ်။

ပြီးတော့ လူတိုင်းအတွက် လေးလေးနက်နက် တွေးကြည့်စရာ အတွေးစလေးတွေလဲ ချန်ခဲ့ဦးမှာပါ။

ဇာတ်လမ်းအကျဉ်း

အောင်မြင်မှုသိပ် မရှိတဲ့ မင်းသမီး မက်ဒ်လင်း နဲ့ စာရေးဆရာမ ဖြစ်ချင်တဲ့ ဟယ်လင်န် တို့ဟာ

ဟန်ဆောင်ပေါင်းသင်းနေကြပေမယ့် တစ်ယောက် နောက်ကျော တစ်ယောက်ဓားနဲ့ထိုးဖို့ အမြဲ ချောင်းနေကြသူတွေပါ။

တစ်နေ့မှာ ဟယ်လင်န် ဟာ သူမ လက်ထပ်ယူမယ့် ခွဲစိတ်ဆရာဝန် ဒေါက်တာအန်းနက်စ်ကို မက်ဒ်လင်းနဲ့

မိတ်ဆက်ပေးမိရာကနေ၊ ငွေကြေးချမ်းသာတဲ့ ခွဲစိတ်ဆရာဝန်ကြီးကို မက်ဒ်လင်းက ဖြတ်ခုတ်သွားပါတော့တယ်။

ဒီလိုနဲ့ တစ်ယောက်အပေါ် တစ်ယောက် အမုန်းတရားတွေ ပိုများလာပြီး ဘာတွေဆက်ဖြစ်ကြလဲဆိုတာကို

ပုံမှန် အိမ်ထောင်ရေး အရှုပ်ရှင်းကားတွေနဲ့ ကွဲပြားစွာ တက်ဆက်ပြထားပါတယ်။

နောက်ထပ် ဇာတ်ကားအကြောင်းဆက်ပြောရင် spoilမိတော့မှာမို့ ကိုယ့်ဘာသာ

ဆက်ကြည့်လိုက်ကြဖို့ပဲ ညွှန်းပါတယ်။ ဒါရိုက်တာကလဲ Back to the Future တို့လို

legendary classic movie မျိုးတွေကို ရိုက်ကူးခဲ့တဲ့ Robert Zemeckisမို့ ဘာမှ

မကောင်းမှာ စိတ်ပူစရာမလိုပဲ စိတ်ချလက်ချကြည့်ဖို့ ညွှန်းလိုက်ပါတယ်ဗျ။

 

File size…2.4GB /  1.2GB
Quality…1080p Blu Ray AAC 5.1CH / 720p
Format…mp4
Duration….1h 44m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Kaung Khant Win

watch movie Death Becomes Her (1992) burmese sub, Death Becomes Her (1992) မြန်မာစာတန်းထိုး, download Death Becomes Her (1992) mm sub