Musical romance ကား နှစ်ခြိုက်သူတွေအတွက် ၁၇ရာစုကာလမှာ ဇာတ်အိမ်တည်ထားတဲ့ Cyrano ဆိုတဲ့ ပြင်သစ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ
တစ်ခါက ပြင်သစ်ပြည်မှာ ရော့ဆန်ဆိုတဲ့ သိပ်ကိုလှပတဲ့ အမျိုးသမီးလေးတစ်ဦး ရှိခဲ့ပါတယ်။ သို့ပေမဲ့ ဒီအမျိုးသမီးလေးဟာ သနားစရာတစ်ကောင်ကြွက်လေးပါ။ သူ့ရဲ့အလှကြောင့် နယ်စားမင်းကတောင် လက်ထပ်ခွင့်တောင်းနေပေမဲ့ အချစ်ကိုပဲယုံကြည်သူ ရော့ဆန်ကတော့ အချစ်စစ်ကိုတွေ့ရှိမယ့် တစ်နေ့ကိုပဲ စောင့်နေခဲ့ပါတယ်။
ဒီလိုနဲ့ ပြဇာတ်သွားကြည့်တဲ့တစ်နေ့မှာ ခရစ်ရှန်ဆိုတဲ့ အမျိုးသားတစ်ယောက်ကို သူ မြင်မြင်ချင်းပဲ ချစ်မိသွားခဲ့ပါတယ်။ ခရစ်ရှန်က တော်ဝင်အစောင့်တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်လေတော့ ရော့ဆန်ဟာ သူ့ငယ်ပေါင်းမိတ်ဆွေတစ်ဦးဖြစ်တဲ့ အစောင့်တပ်ဖွဲ့ဝင် ဆီရန်နိုကတစ်ဆင့် ခရစ်ရှန့်ကို သူ့ဆီစာရေးဖို့ စကားပါးခိုင်းခဲ့ပါတယ်။
ဆီရန်နိုဟာလည်း ရော့ဆန်ကို ငယ်ငယ်ကတည်းက အရိပ်တကြည့်ကြည့်နဲ့ ချစ်လာခဲ့ရသူပါ။ ရော့ဆန်ဘက်က သူ့ကို မြှားနတ်မောင်လုပ်ပေးဖို့ တောင်းဆိုလာတဲ့အခါမှာတော့ သူ ရင်နာနာနဲ့ပဲ ချစ်သူအတွက် ကူညီပေးခဲ့ရပါတော့တယ်။
ဖြစ်ချင်တော့ ခရစ်ရှန်က စစ်တိုက်ဖို့ဆိုအသင့် ဒါပေမဲ့ စာပေနဲ့တော့ ကင်းကွာနေတဲ့လူတစ်ယောက်၊
တစ်ဖက်က ရော့ဆန်ကတော့ စိတ်ကူးယဉ်ဆန်တဲ့ အနုအရွကဗျာလေးတွေကိုမှ ကြိုက်နှစ်သက်သူ၊
ဆိုတေ ခရစ်ရှန်တစ်ယောက် သူ့စာရပြီးမှ ရော့ဆန် သူ့ကိုစိတ်ပျက်မသွားအောင် ဆီရန်နိုရေးပေးတဲ့ စာတွေကနေတစ်ဆင့် သူတို့နှစ်ယောက် ဆက်သွယ်ဖြစ်ခဲ့ကြပါတယ်
ဆိုတော့ ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းလေး ဘယ်လိုရှေ့ဆက်မလဲ
နယ်စားမင်းကပါ ဝင်ရှုပ်တဲ့အခါ သုံးပွင့်ဆိုင်မဟုတ်ဘဲ လေးပွင့်ဆိုင်ဖြစ်သွားတဲ့ ဇာတ်လမ်းလေးက ဘယ်လိုအဆုံးသတ်မလဲ
စာတွေရဲ့ တကယ့်ပိုင်ရှင်က ဆီရန်နိုဆိုတာရော ရော့ဆန်တစ်ယောက် သိသွားမလား ဆိုတာတွေကို
သီချင်းလေးတွေ ခံစားရင်း ကြည့်ရှုလိုက်ကြပါဦး
Fan fact အနေနဲ့ အွန်လိုင်းဒိတ်တင်ပရိုဖိုင်တွေ အငှားရေးပေးတဲ့လူကိုလည်း Cyber Cyrano လို့ ခေါ်ကြပါသတဲ့
ဇာတ်လမ်းလေးက ဆွေးဆွေးမြေ့မြေ့လေးနဲ့ cinematography တွေလည်းလှပြီး မင်းသား Peter Dinklage ရဲ့ သရုပ်ဆောင်ချက်တွေကလည်း သိပ်ကိုပီပြင်တာမို့ ကြည့်ရှုလိုက်ကြပါဦးနော်
File size…(2 GB)/(1.1 GB)/(500 Mb)
Quality….HDrip 1080p / 720p / 480p
Format…mp4
Duration….02:04:00
Genre…Drama, Romance, Musical
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by MTA
watch movie Cyrano (2022) burmese sub, Cyrano (2022) မြန်မာစာတန်းထိုး, download Cyrano (2022) mm sub