Chinese Doctors (2021)
Wuhanဆိုတဲ့ အမည်ကိုကြားလိုက်တာနဲ့
ကျွန်တော်တို့ရဲ့အတွေးထဲမှာ နေရာတစ်ခုကိုတန်းပြီး ပြေးမြင်မိမှာပါ၊
ဟုတ်ပါတယ် …..
တစ်ကမ္ဘာလုံးက လူသန်းပေါင်းများစွာကို ဒုက္ခပေးခဲ့၊ ပေးဆဲဖြစ်တဲ့
Covid 19လို့ခေါ်တဲ့ ကမ္ဘာ့ကပ်ရောဂါဆိုးကြီး စတင်ပေါ်ပေါက်ခဲ့တဲ့နေရာပါ၊
ဒီရုပ်ရှင်ကတော့ Wuhan မြို့မှာ
Corona virusစတင်တွေ့ရှိချိန်ကစပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်မျိုးပါ၊
ရုပ်ရှင်လို့လည်း ဆိုနိုင်သလို Real footage တွေပါ ပြန်သုံးထားတဲ့အတွက်
Documentary လို့လည်း သတ်မှတ်လို့ရနိုင်ပါတယ်
ဒီရုပ်ရှင်ထဲမှာ ဒီ Virusက ဘယ်လောက်ထိကြောက်ဖို့ကောင်းလဲ
ရောဂါအကြောင်း ဂဃနဏမသိသေးတဲ့
စမ်းတဝါးဝါးအချိန်မှာကတည်းက ဘယ်လောက်ထိ ဒုက္ခပေးနိုင်လဲဆိုတာ
ကိုယ်တိုင်တကယ်ကြုံနေရသလို ခံစားရမယ်၊
ဇာတ်ကောင်တွေနဲ့အတူ စီးမြောပြီး ရင်မောရပါမယ်
ပြီးတော့ ဆရာဝန်တွေရဲ့ကျင့်ဝတ်နဲ့ ကိုယ်ကျိုးယှဉ်လာတဲ့အချိန်မှာ
ဘယ်လောက်ထိ ဝေခွဲရခက်တယ်၊ ရွေးရခက်တယ်ဆိုတာ မြင်နိုင်တယ်၊
အပြင်လူတွေသိဖို့ခက်တဲ့ ဆရာဝန်တွေရဲ့ဘဝကိုတွေ့ရမယ်၊
လူနာအသက်ကိုကယ်ဖို့ဆိုရင် ဘာမဆိုလုပ်ရလုပ်ရဆိုတဲ့
သမားဂုဏ်ကိုလည်း ပေါ်လွင်အောင် ရိုက်ကူးပြထားတယ်
Covidအကြောင်းပဲလား၊ ဆရာဝန်တွေရဲ့ရှုထောင့်ပဲလားဆိုရင် မဟုတ်ပြန်ပါဘူး၊
လူနာတွေရဲ့ ဘဝတွေ၊ မိသားစုတွေရဲ့ ဇာတ်ကြောင်းတွေ၊
Panicဖြစ်လာချိန်မှာ အမြဲကြုံရတဲ့ လူ့သဘောလူ့မနောတွေကိုလည်း မလွတ်စေရအောင်ရိုက်ကူးထားပြန်ပါတယ်
ဒါ့အပြင် ရုပ်ရှင်တစ်ကားလုံးဟာ အရေးပေါ်အခြေအနေမှာ
Covid 19ဆိုတဲ့ ရောဂါကြီးကို နဖူးတွေ့ဒူးတွေ့စမြင်ဖူးတဲ့အချိန်ကို ရိုက်ကူးထားတာဖြစ်လို့
Caseတိုင်းနီးပါးက အရေးပေါ်အသက်ကယ်ရတဲ့ အခြေအနေတွေချည်းပါပဲ၊
ဒီလိုCaseမျိုးတွေမှာ ဘာလက္ခဏာတွေပေါ်တတ်လဲ၊
ဘယ်လိုအသက်ကယ်နည်းတွေသုံးတယ်၊ ဘယ်လိုဆေးတွေသုံးတယ်ဆိုတာကအစ
တကယ့်အပြင်က အသက်ကယ်ဆေးကုသနည်းတွေကိုပါ
ရှင်းရှင်းလင်းလင်းသဘောပေါက်အောင်လည်း ရိုက်ပြထားပါတယ်
ဇာတ်ကောင်တိုင်းဟာ အဓိကဇာတ်ဆောင်ဖြစ်နေတဲ့ ရုပ်ရှင်ဆိုတာ အရမ်းရှားပါတယ်၊
ဒီကားမှာကတော့ ဆရာဝန်တွေဟာလည်း ခေါင်းဆောင်မင်းသား၊ မင်းသမီးတွေဖြစ်သလို
လူနာတွေဟာလည်း ခေါင်းဆောင်တွေပါပဲ၊
ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် ဇာတ်ကားထဲကလူတိုင်းက
အရေးပါအရာရောက်နေတဲ့သူတွေချည်းပါပဲ၊
သူတို့တွေပျော်တဲ့အချိန်ဆို ကိုယ်ပါဝင်ပျော်မိသလို
ဝမ်းနည်းပူဆွေးရတဲ့အခန်းဆိုရင် ကိုယ်တိုင်ဖြစ်နေသလို လိုက်ပါခံစားရပြန်ပါတယ်
တချို့ရုပ်ရှင်ကားတွေက ရသပီပြင်အောင်ညွှန်းရတာခက်ပါတယ်၊
ကိုယ်တိုင်ခံစားကြည့်မှ ချိုချဉ်ငန်စပ်ခါး ရသာစုံကို တွေ့ရမှာပါ၊
ဒီရုပ်ရှင်ဟာလည်း ဒီလိုပါပဲ၊ Documentaryပုံစံ ဇာတ်ကားဖြစ်ပေမယ့်
ကြည့်ရှုသူနဲ့ စိတ်ခံစားချက်အပေါ်လိုက်ပြီး ဗဟုသုတရနိုင်တဲ့ ဇာတ်ကားလည်းဖြစ်နိုင်သလို
ရသအပြည့်အဝပေးစွမ်းနိုင်တဲ့ ဇာတ်ကားလည်း ဖြစ်သွားနိုင်ပါတယ်၊
ကြည့်ရှုတဲ့ ရှုထောင့်ပေါ်မူတည်ပြီး ဝိဝါဒကွဲလွဲသွားနိုင်ပါတယ်၊
ဒါပေမယ့် သေချာတာတစ်ခုက ဘယ်လိုရှုထောင့်နဲ့ပဲ ကြည့်ကြည့်
ဒီရုပ်ရှင်ကားက အချိန်၂နာရီ ပေးရကျိုးနပ်စေမယ့်၊
ကြည့်မိလို့ နောင်တလုံးဝမရစေမယ့် ဇာတ်ကားဆိုတာကိုတော့ သေချာပေါက်ညွှန်းဆိုနိုင်ပါတယ်
ဘာသာပြန် နဲ့ အညွှန်းကတော့ JimX ပဲ ဖြစ်ပါတယ်။
Quality….WEB-DL 1080p and 720p and 480p
File size…1.76GB and 1.1GB and 539MB
Format…mp4
Duration….2h 9min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. JimX
Encoder …..August
watch movie Chinese Doctors (2021) burmese sub, Chinese Doctors (2021) မြန်မာစာတန်းထိုး, download Chinese Doctors (2021) mm sub