Castle Falls (2021)

· Updated On · Posted On
Castle Falls (2021)
7.0/1097 votes
Bookmark

Rotten Tomatoes 83%

Action ဇာတ်ကိုမှ ဇာတ်လမ်းဇာတ်အိမ်ကောင်း​​ကောင်းနဲ့ ကြည့်ရှုလိုသူများအတွက်

မကြာ​သေးခင်ကမှ ထွက်ရှိခဲ့တဲ့ Castle Falls ရုပ်ရှင်ကို တင်ဆက်​ပေးလိုက်ပါတယ်။

လန်ဒိုဟာ မူးယစ်ရာဇာ ဒန်မီရယ်ဂလက်စ်ရဲ့ ဒေါ်လာ
သုံးမီလီယံကို ခိုးယူပြီး Castle Heights ဆိုတဲ့ ဆေးရုံပျက်ကြီးထဲမှာ သွားဝှက်ထားခဲ့ပါတယ်။

ဖြစ်ချင်​တော့ သူတို့နှစ်​ယောက်ဟာ ထောင်ထဲမှာ ပြန်ဆုံကြပြီး လန်ဒိုဟာလည်း အသတ်ခံရဖို့ နီးစပ်​နေခဲ့ပါတယ်။

ခိုးတုန်းကခိုးပြီး အခုမှ အလွန်​ကြောက်ရွံ့​​နေတဲ့ လန်ဒိုဟာ ထောင်​စောင့်မှုးဖြစ်တဲ့ အဲရစ်ဆန်နဲ့

အ​ပေးအယူလုပ်ပြီး ထောင်​နေရာပြောင်း​ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဲရစ်ဆန်ဟာလည်း ကင်ဆာရောဂါခံစား​နေရတဲ့ သမီးဖြစ်သူအတွက် ခွဲစိတ်​ကြေး မတတ်နိုင်တဲ့အတွက်

အ​ပေးအယူကို လက်ခံခဲ့ပြီး ဆေးရုံပျက်ကြီးထဲက ငွေကို သွားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကို သိသွားတဲ့ မူးယစ်ရာဇာဒန်မီရယ်ဟာ သူ့လူ​တွေကို ဆေးရုံပျက်ကြီးဆီ စေလွှတ်လိုက်ပါတယ်။

တစ်ဖက်မှာလည်း မိုက်ဝိတ်ဒ် ဆိုတဲ့ ဘ၀ပျက် MMA Fighter ဟောင်းကြီးဟာ လက်​ဝှေ့သမားအဖြစ်မှ အနားယူကာ

ဆေးရုံပျက်ကြီးကို ဖြိုချပစ်မဲ့အလုပ်သမားအဖွဲ့ထဲ ၀င်​ရောက်လုပ်ကိုင်ရင်း လန်ဒိုဝှက်ထားခဲ့တဲ့ ငွေထုပ်ကြီးကို မ​တော်တဆ တွေ့ရှိသွားပါတယ်။

အ​ကြောင်းအရင်း ကိုယ်စီနဲ့ ဒေါ်လာ သုံးမီလီယံကို လုယူကြမဲ့ သူတို့​တွေဟာ ဆေးရုံပျက်ကြီးကို မဖြိုချခင် ငွေထုပ်ကြီးကို အပြိုင်အဆိုင်လုကြရင်း

ဘယ်သူက ပိုင်ဆိုင်သွားမလဲ ဘယ်သူက အမှုန့်ဖြစ်သွားမလဲဆိုတာကို CM ပရိသတ်ကြီးတို့ကိုယ်တိုင် ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါ​နော်။

ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်​ရေးသား​ပေးသူက​တော့ Thet Hnin Hsu ဖြစ်ပါတယ်။

File size…(1.4 GB) / (900 Mb)
Quality….Webrip 1080p / 720p 
Format…mp4
Duration….01:27:00
Genre…Action, Drama, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Thet Hnin Su

watch movie Castle Falls (2021) burmese sub, Castle Falls (2021) မြန်မာစာတန်းထိုး, download Castle Falls (2021) mm sub