၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အမီတာဘဂျမ်းတို့သားအဖနဲ့ငွေကြေးအရရော အနုပညာအရပါအောင်မြင်ပြီး
အပြင်မှာပါ ရုပ်ရှင်ထဲကအတိုင်း ပုံတူကူးလိမ်လည်မှုတွေဖြစ်ပေါ်လာတဲ့အထိ ဩဇာကြီးခဲ့တဲ့
Bunty Aur Babli ရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ ပထမကားနဲ့ ၁၅ နှစ်အကွာမှာ ဇာတ်လမ်းကို
ပြန်လည်စတင်ထားပါတယ်။အခုချိန်မှာတော့ ဘန်တီနဲ့ ဘာဘလီတို့ လူလိမ်ဝိဇ္ဇာ ၂ယောက်ဟာ မိသားစု တစ်ခု ထူထောင်ပြီး
အေးအေးဆေးဆေး ဘဝကို ဖြတ်သန်းနေကြပါပြီ. သားလေးတစ်ယောက်နဲ့ ပျော်ရွှင်စွာနေထိုင်ရင်းနဲ့ တစ်နေ့မှာတော့
ဘန်တီနဲ့ဘာဘလီတို့ရဲ့ လှည့်ကွက်တွေ ပြန်ပေါ်လာပါပြီ ဆိုပြီး လူတိုင်းပါးစပ်ဖျားပေါ် ပြန်ရောက်လာကြပါတော့တယ်.
သက်လတ်ပိုင်းရောက်နေကြတဲ့ ဘန်တီနဲ့ ဘာဘလီတို့လဲ သူတို့မလုပ်တဲ့ လိမ်လည်မှုတွေနဲ့ စွပ်စွဲခံရပါတော့တယ်။
ရဲအရာရှိ ဂျတာယူဟာ ဒီလက်သစ် ဘန်တီ-ဘာဘလီကို သဲလွန်စ ရှာမရတာကြောင့်
မူလ ဘန်တီ-ဘာဘလီတို့ကို ကလေးနဲ့ ခြိမ်းခြောက်ပြီး စုံစမ်းရေးမှာ ပါဝင်ဖို့ ခိုင်းစေခဲ့ပါတယ်။
၁၅နှစ်အကြာမှ ဒီနယ်ပယ်ထဲ ပြန်ဝင်လာရတာမို့အနားယူထားတဲ့ ကာလရှည်အတွင်း သူတို့အရည်အချင်းတွေလျော့ပါးကုန်ပြီလား။
ပြောင်းလဲသွားတဲ့ ခေတ်မှီနည်းပညာနဲ့ကွာဟသွားတဲ့ခေတ်အခြေအနေတွေကြားမှာ သူတို့ကိုပုံတူကူးကျူးလွန်နေတဲ့
လူငယ်စုံတွဲနဲ့ ဘယ်လိုဉာဏ်များယှဉ်ပြိုင်ကြမလဲဆိုတာ ဟာသတွေနှောပြီး ရယ်မောပျော်ရွှင်စွာရှုစားကြရမှာပါ။
ပထမကားက Abhishek နေရာမှာ Saif Ali Khan ပါဝင်လာပြီး Rani နဲ့ဇာတ်ကားပေါင်းများစွာတွဲဖက်အောင်မြင်ခဲ့သူပီပီ
လိုက်ဖက်ညီအပေးအယူမျှစွာတွေ့မြင်ရပါလိမ့်မယ်။ လူငယ်စုံတွဲ ဘန်တီအာဘာဘလီလက်သစ်အဖြစ် Gully boy ဇာတ်ကားနဲ့ပေါက်လာတဲ့
Siddhant Chaturvedi နဲ့ မင်းသမီးသစ်လေး Sharvari Wagh ကိုမိတ်ဆက်တွဲဖက်ပေးထားပါတယ်။
ပေါ့ပေါ့ပါးပါးသဘာ၀ကျတဲ့ဟာသတွေ သီချင်းကောင်းကောင်းလေးတွေနဲ့ ယောက်ျားရပြီးကားရိုက်ကျဲသွားတဲ့မမကြီး ရာနီးကို
အရင်တုန်းကလို လှလှပပ ခေတ်မှီသွက်လက်တဲ့ဇာတ်ရုပ်နဲ့တစ်မျိုး ဂွတီးဂွကျလူလတ်ပိုင်းအိမ်ထောင်ရှင်မကြီးအဖြစ်ပါ တစ်ဝကြီးတွေ့မြင်ရမှာပါ။
File size…(4.5 GB)/(2.3 GB)/(1 GB)
Quality….WEB-DL 4K HEVC/ 1080p / 720p
Format…mkv/mp4
Duration….02:18:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Mugiwara Ya & Alias
watch movie Bunty Aur Babli 2 (2021) burmese sub, Bunty Aur Babli 2 (2021) မြန်မာစာတန်းထိုး, download Bunty Aur Babli 2 (2021) mm sub