Blackpink : The Movie (2021)
တစ်ကမ္ဘာလုံးက BLINKတွေအားလုံး မျှော်လင့်စောင့်ဆိုင်းခဲ့ရတဲ့ BLACKPINK THE MOVIE ဟာဆိုရင်
အခုချိန်မှာတော့ Digital Streamingအနေနဲ့ ထွက်ရှိလာပြီဖြစ်တာကြောင့်
အကြာကြီး မျှော်ခဲ့ရတဲ့ ဘလင့်ခု တွေအတွက် အကောင်းဆုံးတင်ဆက်ပေးလိုက်ပါပြီ၊
ဒီရုပ်ရှင်ဟာဆိုရင် 2016 August 8 ရက်နေ့ မှာ YG Entertainmentကနေ Debutခဲ့တဲ့
BLACKPINK အဖွဲ့ရဲ့ Debut 5th Anniversaryအနေနဲ့
YGက စီစဉ်ပေးခဲ့တဲ့ Projectတွေထဲက တစ်ခုပါ၊
THE MOVIEထဲမှာ 2018ခုနှစ် “IN YOUR AREA”နဲ့ 2021 “THE SHOW”ထဲက live
performanceတွေကို မြင်တွေ့ရမှာဖြစ်ပြီး
သူတို့ရဲ့သီချင်းတွေနဲ့ ဖျော်ဖြေမှု အလန်းစားတွေကို သေချာမြင်တွေ့ခံစားရတော့မှာပဲ ဖြစ်ပါတယ်၊
ဒါ့အပြင်Debut 5နှစ်ပြည့်ဆိုတဲ့အတိုင်း Debutမတိုင်ခင်နဲ့Debutပြီး
၅နှစ်အတွင်းမှာ BLACKPINKအဖွဲ့ဝင်တွေရဲ့ အမှတ်တရဖြစ်ရပ်တွေ၊
တူတူရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေ၊ အတွေ့အကြုံတွေနဲ့
အသည်းကျော်လေးတွေရဲ့ ငယ်ဘဝဖြတ်သန်းပုံလေးတွေ၊
အထူးအင်တာဗျူးလေးတွေကိုလည်း သီးသန့် filmလေးကိုယ်စီနဲ့ ရိုက်ကူးပေးထားပါတယ်
စတင်ပွဲဦးထွက်ပြီး 14ရက်အတွင်းမှာတင် Music Programတွေရဲ့
Top 1ကို အရယူနိုင်ခဲ့တဲ့ Rookie Groupလေးက
တစ်ချိန်မှာ Intl’ Chartတွေရဲ့ ထိပ်ဆုံးနေရာကို အရယူနိုင်ဖို့၊
World Tourအထိ ထွက်နိုင်ဖို့ ကလေးတွေ ဘယ်လောက်ထိအားစိုက်ခဲ့ရလဲဆိုတာကို
အသေးစိတ်ရိုက်ကူးထားသလို
Concertတွေက ပရိတ်သတ်တွေနဲ့ momentတွေကြောင့် အများကြီးကြည်နူးရဦးမှာပါ၊
ဒါ့အပြင် သူတို့ ပထမဆုံး Online က တိုက်ရိုက်ဖျော်ဖြေရတဲ့ THE SHOW အတွက်
ဘယ်လောက်ကြိုးစားခဲ့ရလဲဆိုတာတွေကိုပါ တင်ဆက်ထားပါတယ်၊
ဒါ့အပြင် “ဒီအခိုက်အတန့်က ကျွန်မဘဝရဲ့ ပျော်စရာအကောင်းဆုံး အချိန်ဖြစ်မယ် ထင်ပါတယ်”ဆိုတဲ့ စကားလုံးတွေနောက်ကွယ်က ပျော်ရွှင်စရာ ဝမ်းနည်းစရာခံစားချက်တွေကိုပါ
တပြိုင်တည်း ခံစားရမှာဖြစ်လို့ BLINKတို့ကို ခံစားချက်ပေါင်းမျိုးစုံ တပြိုင်တည်း ပေးစွမ်းနိုင်မယ့် Docu movieလေးပဲ ဖြစ်တာမလို့
မြန်မာပြည်က BLINKတွေအနေနဲ့ ပျော်ရွှင်စွာကြည့်ရှုခံစားနိုင်ပါပြီ
အညွှန်းကိုတော့ JimX က ရေးသားပေးထားပြီးတော့
ဘာသာပြန်တွေကတော့ JimX, Thuu, Thaw ပဲ ဖြစ်ပါတယ်။
Genre…..Music, Documentary
Quality….WEB-DL 1080p and 720p and 360p
File size… 1.5GB and 802MB and 269MB
Format…mp4
Duration….1h 40min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. JimX, Thuu, Thaw
Encoder ….. August
watch movie BLACKPINK: THE MOVIE (2021) burmese sub, BLACKPINK: THE MOVIE (2021) မြန်မာစာတန်းထိုး, download BLACKPINK: THE MOVIE (2021) mm sub