Asmee (2021)
IMDB – 8.9/10
မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ အိန္ဒိယဇာတ်ကားကောင်းလေး
တစ်ကားကို တင်ဆက်ပေးချင်ပါတယ်။
အာဆာမီဟာ ဆရာဝန်ဖြစ်ဖို့ အိပ်မက်မက်နေခဲ့တဲ့
ကောင်မလေးတစ်ယောက်ဆိုပေမဲ့ အမည်မသိ
လူတစ်ယောက်ရဲ့ ပြန်ပေးဆွဲခြင်းခံရပြီးနောက်
ရည်မှန်းချက်များပျက်သုန်းကာ သူမဘ၀ကြီး အမှောင်ဖုံးသွားခဲ့ပါတယ်။
လေးနှစ်ကျော်အထိ အခန်းငယ်လေးထဲမှာ
ပိတ်နှောင်ပြီး အမျိုးမျိုးနှိပ်စက်ခဲ့တဲ့ ပြန်ပေးသမားက တစ်နေ့မှာတော့
ရုတ်တရက်ကြီး သူမကိုလွှတ်ပေးလိုက်ပါတယ်။
လေးနှစ်လုံးလုံး မျက်လုံးကိုအ၀တ်စည်းပြီး
ချုပ်နှောင်ခံခဲ့ရတာမို့ ပြန်ပေးသမားမျက်နှာကို
မမြင်ခဲ့ရပါဘူး။
စိတ်ဒဏ်ရာတွေပြည့်နှက်နေတဲ့သူမဟာ
မေးခွန်းပေါင်းများစွာနဲ့ ပြန်ပေးဆွဲသမားကို
အမိဖမ်းနိုင်ဖို့ အမြဲကြံစည်နေပါတော့တယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ ပြန်ပေးဆွဲသမားနဲ့
အသံ ကိုယ်နံ့ကအစ တူညီတဲ့ လူတစ်ယောက်က
သူ့အိမ်ရှိရာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာခဲ့တယ်။
အဲ့တော့ အာဆာမီ ဘာဆက်လုပ်မှာလဲ….
ပြန်ပေးသမားက ဘာကြောင့် သူ့ကိုလွှတ်ပေးခဲ့တာလဲ…
ပြန်ပေးသမားက ဘယ်သူများလဲ…..စတဲ့
စိတ်ဝင်စားဖွယ် ဇာတ်မြုပ်ကွက်များကို CM ပရိသတ်ကြီးတို့က
ဆက်လက်ကြည့်ရှုအဖြေရှာလိုက်ကြပါတော့ဗျာ။
ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu မှ ရေးသားပေးထားပြီး
ဘာသာပြန်သူများကတော့YK နှင့် Thet Hnin Hsu ဖြစ်ပါတယ်။
File size…1.56GB / 1GB
Quality…1080p AVC DD+5.1 / 720p
Format…Mp4
Duration….1h37min
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Thet Hnin Hsu & YK
watch movie Asmee(2021) burmese sub, Asmee(2021) မြန်မာစာတန်းထိုး, download Asmee(2021) mm sub