Netflixရဲ့ အသစ်ထွက် Latin Dramaကားကောင်းလေးကို
တင်ဆက်ပေးလိုက်ပါတယ်၊ Latin dramaဆိုပေမဲ့
IMDb 7.3နဲ့ Rotten Tomatoes 96% အထိရှိတဲ့
ဒရမ်မာကားကောင်းပဲ ဖြစ်ပါတယ်၊
ဒါ့အပြင် ၇၈ကြိမ်မြောက် ဗင်းနစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာလည်း
ပြသထားပြီး Positive reviewပေါင်းများစွာ ရရှိထားပါတယ်
7 prisonersဆိုတဲ့ ဇာတ်ကားနာမည်ကြောင့်
အကျဉ်းသား၇ယောက် ထောင်ဖောက်တဲ့ကားလို့ ထင်ချင်စရာရှိပါတယ်၊
တကယ်တော့ 7 prisoners ဆိုတာ
ထောင်ကျနေသလို လွတ်လမ်းပြန်လမ်းမရှိ၊
အနာဂတ်မရှိတဲ့ ငွေဝယ်ကျွန် အလုပ်သမားတွေ၊
လူကုန်ကူးခံရသူတွေကို ရည်ညွှန်းချင်တာပါ
အသက်၁၈နှစ်သာရှိသေးတဲ့ မက်တီးယပ်စ်ဟာ
မိသားစုရဲ့ စားဝတ်နေရေးအတွက်
မွေးရပ်ရွာကနေ ဆော်ပေါ်လိုမြို့ကို
သွားရောက်အလုပ်လုပ်ကိုင်ဖို့ ကြံစည်ခဲ့ပေမဲ့
Human trafficking လုပ်တဲ့သူနဲ့တွေ့ပြီး
သူရော တခြားပါလာတဲ့သူတွေပါ
အလုပ်ကြမ်းလုပ်ဖို့ ရောင်းစားခံလိုက်ရပါတယ်၊
သူတို့အတွက် ထွက်ပြေးဖို့လည်း လွတ်လမ်းမရှိ၊
လွတ်သွားခဲ့ရင်တောင် မိသားစုရဲ့အသက်အန္တရာယ်ကိုပါ
လူကုန်ကူးအဖွဲ့က ချိန်းခြောက်ထားတဲ့အခါ
မက်တီးယပ်စ် ဘယ်လမ်းကို ရွေးချယ်မလဲ၊
ဒီဘဝကနေ လွတ်မြောက်အောင် ဘယ်လိုရုန်းထွက်မလဲဆိုတာကို
စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဒရမ်မာကားကောင်းစစ်စစ်ပဲ ဖြစ်ပါတယ်File Size : (1.7 GB) & (900 Mb)
Quality : Webrip 1080p & 720p 5.1 CH
Running Time : 1:33:00
Format : mp4
Subtitle : Myanmar Subtitle (Hard Sub)|
Genre : Crime, Drama
Translated by Thaung Htike Zaw
Encoded by Mr.Anderson
watch movie 7 Prisoners (2021) burmese sub, 7 Prisoners (2021) မြန်မာစာတန်းထိုး, download 7 Prisoners (2021) mm sub