20th Century Women (2016)

· Updated On · Posted On
20th Century Women (2016)
7.0/759 votes
Bookmark

20th Century Women (2016)

 

~IMDb – 7.3/10, RT – 88%, Meta – 83%~

20th Century Women ရဲ့ အပေါ်ယံကြောကို ဖြတ်လျှောက်ကြည့်တဲ့အခါ အများအားဖြင့်တော့ ကောင်လေးတစ်‌ယောက်ရဲ့ Coming of Age အခြေအနေကို မြင်ရမှာပေမဲ့ ဒီရုပ်ရှင်ဟာ အဲဒီကောင်လေးကို ဗဟိုပြုပြီး ၂၀ရာစုမိန်းမသားသုံးယောက်ရဲ့ အရွယ်သုံးမျိုးကို ပုံဖော်သွားတယ်။

သက်ကြီးပိုင်း ၂၀ရာစုမိန်းမသားတစ်ယောက်ရဲ့ အထီးကျန်ခြင်းတွေ၊ သက်လတ်ပိုင်း ၂၀ရာစု မိန်းမသားတစ်ယောက်ရဲ့ ဘဝဒဏ်တွေ၊ သက်ငယ်ပိုင်း ၂၀ရာစုမိန်းမသားတစ်ယောက်ရဲ့ လိုအင်တွေကို Coming of Age ဆန်ဆန် Vibe နဲ့ ချိတ်ဆက်ပုံဖော်ထားခဲ့တယ်။ နောက်ပြီး ဆယ်ကျော်သက်သား​လေး ဘဝရဲ့အချိုးအဆစ်အခက်အခဲတွေ၊ မိခင်တစ်‌ယောက်ရဲ့ အတွေးအမြင်တွေကိုင်တွယ်ပုံ​တွေ၊ အသက်ကြီးမှ ကလေးရတာမို့ generation gap ​ကြောင့် သားကို နားလည်​ပေးဖို့ ကြိုးစားတဲ့ သက်ကြီးပိုင်း ၂၀ရာစုမိခင်တစ်​ယောက်ရဲ့ ဘ၀ကိုလည်းမြင်ရပါလိမ့်မယ်။

၂၀ရာစုမိခင်တစ်ယောက်နေရာက Annette Bening က သရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်နဲ့ပဲ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတွေ အများကြီးရခဲ့ပါတယ်။ ဒီရုပ်ရှင်နဲ့ပဲ ဒါရိုက်တာ Mile Mills ဟာလည်း အော်စကာမှာ ဇာတ်ညွန်းဆုရထားပါတယ်။ ဒါရိုက်တာဟာ ဒီနှစ်မှာလည်း ဝါကင်းဖီးနစ်နဲ့အတူ C’mon C’mon ဆိုတဲ့ ဒီရုပ်ရှင်နဲ့ ခပ်ဆင်ဆင် တစ်ကားထွက်ထားပါသေးတယ်။

ဇာတ်အိမ်ကအေးပေမဲ့ Cinematography အလန်းစားနဲ့ လက်တွေ့လောကထဲကပဲလာတဲ့ ခပ်ထိထိဒိုင်ယာလော့တွေကိုသုံးထားပြီး Narrative ဟန်ပါ ထည့်ထားတာမို့ အေးအေးဆေးဆေးမှာ တမြေ့မြေ့ ခံစားကြည့်စရာ ရုပ်ရှင်တစ်ကားရှာနေတယ်ဆိုရင်တော့ ၂၀ရာစုမိန်းမသားများဟာ သင့်အတွက်ပါပဲ။ ၂၀ရာစုမိန်းမသားများဟာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်ကြည့်သင့်တဲ့ အတွေးအမြင်အသစ်တစ်ခု ထပ်ပေးနိုင်မယ့် ရုပ်ရှင်ကားကောင်းဆိုလည်း မမှားပါဘူး။

စာကြွင်း – ၂၀ရာစုမိန်းမသားများကို ပီပြင်အောင် ပုံဖော်ရာမှာ ဒါရိုက်တာဟာ သဘာ၀အတိုင်း လိင်မှုကိစ္စတွေ ဖောဖောသီ သုံးထားပါတယ်။ ကျွန်တော်တို့ Elle Fanning ရဲ့ အခန်းတင် ၆ခန်းလောက်ပါတာမို့ မိသားစုနဲ့ လုံး၀မကြည့်သင့်ပါဘူး။

 

(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆိုရေးသားထားပါတယ်)

Size – 1.8GB, 1GB
Quality – 1080p, 720p
IMDb Rating – 7.3/10
Format – mp4
Duration – 1H 59Min
Genre – Comedy, Drama
Subtitle – Myanmar Subtitle (Hardsub)
Translated by Mugiwara Ya
Encoded by Y

watch movie 20th Century Women (2016) burmese sub, 20th Century Women (2016) မြန်မာစာတန်းထိုး, download 20th Century Women (2016) mm sub